ACE ဆောက်လုပ်ရေးကုမ္ပဏီ

A d v e r t i s e m e n t With Us

March 18, 2020

နေပြည်တော်ရှိ ACE ဆောက်လုပ်ရေးကုမ္ပဏီ ဂိုဒေါင် မီးလောင်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ACE ဆောက်လုပ်ရေးကုမ္ပဏီဝန်းအတွင်းက ဂိုဒေါင်နဲ့ ဂိုဒေါင်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဟောင်းတွေ ဒီကနေ့ မနက်ပိုင်းက  မီးလောင်မှု ဖြစ်ပွားပါတယ်။ ဂိုဒေါင်မှာရှိတဲ့ လျှပ်စစ် ဒါးမိန်း မပိတ်မိရာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် အလျား ပေ ၁၂၀ ၊ အနံ ၆၀ ပေ ၊ အမြင့် ၁၈ ပေရှိတဲ့ သွပ်မိုး၊ သွပ်ကာ ၊သံဖရိန် အဆောက်အအုံ မီးလောင်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀ ဖိုးလောက်ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းအဟောင်းတွေလဲ မီးလောင်သွားတဲ့အတွက် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၄၀ လောက် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်တာဝန်ခံကို ဒက္ခိဏသီရိမြို့နယ် မြို့မ ရဲစခန်းက (ပ)၂၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ အမှုဖွင့် အရေးယူထားပါတယ်။
12 months Ago
Up