ABSDF ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးကို

A d v e r t i s e m e n t With Us

July 27, 2017

ABSDF ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးကို ၂၂ ကြိမ်မြောက် ရုံးထုတ်စတင်စစ်ဆေး

မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုခံရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေးကို ဒီကနေ့  မိုးမောက်မြို့နယ် တရားရုံးမှာ ၂၂ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ ဒီကနေ့ ရုံးထုတ်မှာ ဦးမင်းဌေးကိုယ်တိုင် စတင်ခုခံထွက်ဆိုပြီး  လာမယ့် သြဂုတ် ၃ ရက်မှာ ရုံးပြန်ချိန်းဆိုပါတယ်။ နောက်ရုံးချိန်းတွေမှာတော့ အေဘီအက်စ်ဒီအက်ဖ်က တာဝန်ရှိတွေ ခုခံထွက်ဆိုမယ်လို့  အဖွဲ့ခေါင်းဆောင်  ဥက္ကဋ္ဌ ရဲဘော်သံခဲက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ ဦးမင်းဌေးဟာ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီဝင်တဦး ဖြစ်ပြီး  ၂၀၁၆ ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော်–လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရ တာဖြစ်ပါတယ်။ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဦးမင်းဌေးဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက် ဆွေးနွေးနေသူလည်း ဖြစ်ပါတယ်။ Photo : Ko Than Khe
4 years Ago
Up