Abominable(နမူနာ)

September 21, 2019

ဆယ်ကျော်သက်ကောင်မလေးနှင့် နှင်းလူကြီးအကြောင်း စွန့်စားမှုအဲန်နီမေးရှင်းရုပ်ရှင်- Abominable(နမူနာ)

စွန့်စားမှုအသားပေး Computer Animated ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Abominable ရုပ်ရှင်ကားဟာ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ် ရေ ၁၄ သန်းနီးပါး ရှိနေခဲ့ပါတယ်။ ဒီကားကိုတော့ အမေရိကန်နာမည်ကျော် DreamWorks Animation နဲ့ တရုတ် အဲန်နီမေးရှင်းကုမ္ပဏီ Pearl Studio တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိ ကန်အမျိုးသမီး Animator ဒါရိုက်တာ Jill Culton က ရိုက်ကူးပုံဖော်ပေးထားတာပါ။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ အခြေခံထားတဲ့ ဒီကားထဲမှာတော့ Yi ဆိုတဲ့ ဆယ် ကျော်သက် ကောင်မလေးဟာ ညဖက်တိုင်းလိုလို သူ့ရဲ့လျှို့ဝှက်နေရာလေးမှာ  တယော သွားတီးလေ့ရှိပါတယ်။ တညမှာတော့ သူ့ရဲ့ နေရာလေးဆီကို တခုခု၊ တစုံတယောက် ရောက်နေတယ်ဆိုတဲ့ ခံစားစိတ်နဲ့ ရှာဖွေကြည့်ချိန်မှာတော့ တကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ Yeti နှင်းလူကြီး ရောက်ရှိနေတာကို ထူးဆန်းစွာပဲ တွေ့လိုက်ရတယ်။ နှင်းလူတွေဟာ တကယ်ရှိသလား၊ သူရှိတဲ့ နေရာကို ဘယ်ကနေ ဘယ်လို ရောက်လာခဲ့တာလဲဆိုတဲ့ မေးခွန်းတွေနဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ နောက် ပြီး ကလေးအရွယ်ပဲရှိသေးတဲ့ Yeti ကို သူ့ရဲ့မိဘတွေနဲ့မိသားစုဆီ ပြန်ဆုံစေနိုင်ဖို့ ခရီးမှာရော Yi နဲ့ သူငယ်ချင်းတွေ ဘယ်လိုထူးဆန်းတဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ရမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဆယ်ကျော်သက်ကောင်မလေး Yi အဖြစ် အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီး Chloe Bennet က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Albert Tsai ၊ Eddie Izzard ၊ Sarah Paulson စတဲ့ သရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 7.5 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၇၅ သန်း အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ================= ဆယ္ေက်ာ္သက္ေကာင္မေလးႏွင့္ ႏွင္းလူႀကီးအေၾကာင္း စြန႔္စားမႈအဲန္နီေမးရွင္း႐ုပ္ရွင္- Abominable(နမူနာ) DVB စြန႔္စားမႈအသားေပး Computer Animated ႐ုပ္ရွင္ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ Abominable ႐ုပ္ရွင္ကားဟာ ယူက်ဳဘ္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈတဲ့ အႀကိမ္ ေရ ၁၄ သန္းနီးပါး ရွိေနခဲ့ပါတယ္။ ဒီကားကိုေတာ့ အေမရိကန္နာမည္ေက်ာ္ DreamWorks Animation နဲ႔ တ႐ုတ္ အဲန္နီေမးရွင္းကုမၸဏီ Pearl Studio တို႔က ပူးေပါင္းတင္ဆက္လိုက္တာျဖစ္ၿပီး အေမရိ ကန္အမ်ိဳးသမီး Animator ဒါ႐ိုက္တာ Jill Culton က ႐ိုက္ကူးပုံေဖာ္ေပးထားတာပါ။ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ အေျခခံထားတဲ့ ဒီကားထဲမွာေတာ့ Yi ဆိုတဲ့ ဆယ္ ေက်ာ္သက္ ေကာင္မေလးဟာ ညဖက္တိုင္းလိုလို သူ႔ရဲ႕လွ်ိဳ႕ဝွက္ေနရာေလးမွာ  တေယာ သြားတီးေလ့ရွိပါတယ္။ တညမွာေတာ့ သူ႔ရဲ႕ ေနရာေလးဆီကို တခုခု၊ တစုံတေယာက္ ေရာက္ေနတယ္ဆိုတဲ့ ခံစားစိတ္နဲ႔ ရွာေဖြၾကည့္ခ်ိန္မွာေတာ့ တကိုယ္လုံး ဆြတ္ဆြတ္ျဖဴေနတဲ့ Yeti ႏွင္းလူႀကီး ေရာက္ရွိေနတာကို ထူးဆန္းစြာပဲ ေတြ႕လိုက္ရတယ္။ ႏွင္းလူေတြဟာ တကယ္ရွိသလား၊ သူရွိတဲ့ ေနရာကို ဘယ္ကေန ဘယ္လို ေရာက္လာခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြနဲ႔ေနာက္မွာ ဘာေတြ ဆက္ျဖစ္လာမလဲ။ ေနာက္ ၿပီး ကေလးအ႐ြယ္ပဲရွိေသးတဲ့ Yeti ကို သူ႔ရဲ႕မိဘေတြနဲ႔မိသားစုဆီ ျပန္ဆုံေစႏိုင္ဖို႔ ခရီးမွာေရာ Yi နဲ႔ သူငယ္ခ်င္းေတြ ဘယ္လိုထူးဆန္းတဲ့ ျဖစ္ရပ္ေတြ ႀကဳံေတြ႕ရမလဲ၊ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဆယ္ေက်ာ္သက္ေကာင္မေလး Yi အျဖစ္ အေမရိကန္ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီး Chloe Bennet က အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး တျခားသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Albert Tsai ၊ Eddie Izzard ၊ Sarah Paulson စတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာ Rating 7.5 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၇၅ သန္း အကုန္အက်ခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၇ ရက္ေန႔က နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ကနဦးျပသခဲ့တာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၉၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကို လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
2 years Ago
Up