AA Medical Products

A d v e r t i s e m e n t With Us

April 21, 2020

တရက်ကို လူပေါင်း ၁၃၀၀ ကျော် COVID-19 စစ်ဆေးနိုင်မည့်စက် မြဝတီ ရောက်ရှိ

၂၄ နာရီအတွင်း လူဦးရေ ၁၃၀၀ လောက်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မယ့်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ ကုန်တင်ယာဉ်နဲ့ ထိုင်းနိုင်ငံကနေ နယ်စပ် အမှတ် (၂) တံတားကနေတဆင့် သယ်ဆောင်လာရာမှာ  ဒီကနေ့ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မြဝတီမြို့ကို ရောက်ရှိလာပါတယ်။ ရောဂါပိုး စစ်ဆေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်လာတဲ့ကုန်တင်ယာဉ်တွေကို မြဝတီခရိုင် တာဝန်ရှိသူတွေက ကြိုဆိုစစ်ဆေးပြီးနောက် ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့  သိရပါတယ်။  COVID-19 ရောဂါစစ်ဆေးတဲ့စက်အပါအဝင် ကျပ်သိန်း ၈၃၅၀ ကျော်တန်ဖိုးရှိ ဆက်စပ်ပစ္စည်းတွေကို AA Medical Products ကုမ္ပဏီ က  ဧပြီ ၅ ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လှူဒါန်းခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ Roche Diagnostics ကုမ္ပဏီကထုတ်လုပ်တဲ့ Cobas 6800 M PCR စက်ဟာ ၈ နာရီအတွင်း လူပေါင်း ၃၈၀ ကျော်၊  ၂၄ နာရီအတွင်း လူပေါင်း ၁၃၀ဝ ဦးလောက်ကို အလိုအလျောက် စစ်ဆေးပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ အဆိုပါစက်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှာ ထားရှိပြီး နိုင်ငံတဝန်းက ပေးပို့လာတဲ့ ဓာတ်ခွဲနမူနာတွေကို  စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
10 months Ago
Up