ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ရိုက်ချက်တွေနဲ့ ဖမ်းစားခဲ့တဲ့ A Quiet Place ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို လာမယ့်နှစ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ အမေရိကန်ရုပ်ရှင် သရုပ်ဆောင်ဒါရိုက်တာ John Krasinski က ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ခုနောက်ထပ်ထွက်ရှိလာတဲ့ Part 2 ကိုလည်း သူကပဲ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
A Quiet Place ရုပ်ရှင်ကားထဲမှာတော့ ကမ္ဘာမြေဟာ ဘယ်ကနေရောက်လာမှန်း မသိတဲ့ အကောင်ကြီးတွေကြောင့် တော်တော်ကို ပျက်စီးနေခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် သဘာဝရဲ့ အသံတွေကလွဲရင် ကျန်တဲ့အသံတွေကို မကြားရတော့ပါဘူး။ ဘာလို့လဲဆို တော့ ဖျက်စီးသတ်ဖြတ်နေတဲ့ အကောင်တွေက အမြင်အာရုံမရှိပေမယ့် အကြားအာရုံမှာ ကောင်းလွန်းတာကြောင့် အသံလေး နည်းနည်းကြားတာနဲ့ လိုက်ရှာပြီး သတ်ဖြတ်တာ ကြောင့်ပါပဲ။
အဲဒီလိုအခြေအနေမှာ အသက်ရှင်ကျန်နေသူတွေထဲက မိသားစုတစုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ ဇာတ်လမ်းဆုံးတဲ့တိုင် ပရိသတ်တွေကို ရင်တမမနဲ့ ဆွဲဆောင်ထားနိုင်ခဲ့တာပါ။ ခုနောက်ဆက်တွဲ အပိုင်း ၂ ထဲမှာရော ဘာတွေ ထပ်ပြီးတော့ ပါဝင်လာမလဲ၊ ပထမကားနဲ့ မတူတဲ့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။
နောက်ထပ်ထူးခြားတာကတော့ ဒီရုပ်ရှင်ကားထဲမှာ အင်္ဂလိပ်ဘာသာစကားအပြင် လက်ဟန်သေင်္ကတပြဆက်သွယ်စကားပြောရတဲ့ American Sign Language ကိုလည်း အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။
A Quiet Place Part 2 ရုပ်ရှင်ကားထဲမှာတော့ ပထမရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Emily Blunt နဲ့အတူ တခြားသရုပ်ဆောင် တွေ ဖြစ်ကြတဲ့ Millicent Simmonds ၊ Noah Jupe ၊ Cillian Murphy ၊ Djimon Hounsou တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရုပ်ရှင် A Quiet Place ဟာ Box Office မှာ ရုံတင်ဝင်ငွေအမေရိကန်ဒေါ် လာသန်း ၃၄၀ ကျော် ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကို လည်း ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာပါ။
နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီ Paramount Pictures ကနေ ဖြန့်ချိ သွားမယ့် ဒီရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မတ်လထဲမှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အမြည်း Teaser ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ယူ ကျုဘ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး လတ်တလောမှာတော့ တ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago