A အဆင့်ရ

December 16, 2020

A အဆင့်ရ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းလိုက်နာရန် တိုက်တွန်း 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ A အဆင့်ရ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေ အနေနဲ့ စည်းကမ်းလိုက်နာပြီး ဆိုင်ထိုင်စနစ်နဲ့ ပြန်ဖွင့်ကြဖို့ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။  ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းမှာ ကိုဗစ်စည်းကမ်းနဲ့ကိုက်ညီတဲ့ A အဆင့်ရ စားသောက်ဆိုင်လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ပြန်ဖွင့်ခွင့်ပြုလိုက်တဲ့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ဒီဇင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး သူက မေတ္တာရပ်ခံထားတာပါ။ "ကိုဗစ်ဖြစ်တာကြာလာတော့ ပြည်သူတွေရဲ့ အလုပ်အကိုင် စီးပွားရေးအကျပ်အတည်းတွေ ကြာကြာထိခိုက်လာတဲ့အတွက် ဖြေလျှော့နိုင်သမျှ ဖြေလျှော့ပြီး ဖွင့်ခွင့်ပေးကြတာ ဖြစ်တယ်။ ဆိုင်တိုင်းကို ပြန်ဖွင့်စေချင်ပြီး Aအဆင့်နဲ့အညီ ​​ နေ့စဉ်ဈေးရောင်းကြပါ ''လို့  ဝန်ကြီးက ပြောပါတယ်။ မြို့နယ်တိုင်းမှာ ကိုဗစ်-၁၉ ကြီးကြပ်ရေးကော်မတီတွေက အခါအားလျော်စွာ လိုက်လံစစ်ဆေးနေမှာဖြစ်ပြီး Aအဆင့်ရခဲ့ရင် ချက်ချင်းပြန်ဖွင့်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။  မန္တလေးတိုင်းအတွင်း စက်ရုံပေါင်း ၈၁၃၁ ရုံရှိတဲ့အထဲက လက်ရှိမှာ စက်ရုံ ၄၅၀၀ ကျော်သာ ဖွင့်နိုင်သေးပြီး အလုပ်အကိုင်အခွင့်အရေးအတွက် စက်ရုံတွေပြန်ဖွင့်နိုင်ဖို့ကိုလည်း ဆောင်ရွက်နေပြီလို့  ဝန်ကြီး ဦးအောင်ကြည်က ဖြည့်စွက်ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)
4 months Ago
Up