9-Ball Pool

A d v e r t i s e m e n t With Us

December 12, 2019

နိုင်ငံအတွက် ရွှေတံဆိပ် ၂ ခုရယူနိုင်သဖြင့် ပိုမိုပျော်ရွှင်မိကြောင်း ကိုဘုန်းမြင့်ကျော်ပြော

ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ နိုင်ငံအတွက်ရွှေတံဆိပ်ရှားပါးနေချိန် ရွှေတံဆိပ် ၂ ခုအထိရယူပေးနိုင်ခဲ့လို့ ပိုပြီးပျော်ရွှင်မိတယ်လို့  ဘိလိယက် 9-Ball Pool ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ကိုဘုန်းမြင့်ကျော် ကပြောပါတယ်။ ကိုဘုန်းမြင့်ကျော်ဟာ အမျိုးသား၂ယောက်တွဲ 9-Ball Pool ပြိုင်ပွဲမှာ အောင်မိုးသူနဲ့ အတူ စင်ကာပူအတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရခဲ့သလို တစ်ဦးချင်း9-Ball ပြိုင်ပွဲမှာလည်း ဗီယက်နမ် ကစားသမားကိုအနိုင်ယူပြီး ရွှေတံဆိပ် တခု ထပ်မံရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ တရုတ်နိုင်ငံမှာယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုဖလားတွေရယူခဲ့ဖူးပေမယ့် သိပ်ပြီးအောင်ပွဲမခံခဲ့ဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အခုလို နိုင်ငံအတွက်အောင်မြင်မှု ရချိန်မှာတော့ ထခုန်တဲ့အထိ အကြီးအကျယ်အောင်ပွံခံခဲ့ ကြောင်းလည်း ကိုဘုန်းမြင့်ကျော်ကပြောပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ  ဖိလစ်ပိုင်ဆီးဂိမ်းမှာ အားကစားနည်း ၃၁ မျိုးဝင်ပြိုင်ခဲ့ပေမယ့် အားနစ်နဲ့ရိုးရာလှေပြိုင်ပွဲကနေ ရွှေ ၂ ခု၊ ဘိလိယက်ကနေ ၂ ခု ရွေတံဆိပ်စုစုပေါင်း ၄ ခုပဲရယူနိုင်ခဲ့ပြီး  နိုင်ငံအလိုက်အဆင့် ၇ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။
1 year Ago
Up