7-Eleven စတိုးဆိုင်

A d v e r t i s e m e n t With Us

April 14, 2020

ဂျပန် 7-Eleven စတိုးဆိုင် ငွေရှင်းကောင်တာများတွင် ပလတ်စတစ်အကာများ တပ်ဆင်

ဂျပန်နိုင်ငံက ၂၄ နာရီဖွင့်လှစ်တဲ့  7-Eleven စတိုးဆိုင်တွေဟာ သူ့ရဲ့ ငွေရှင်းကောင်တာက ဝန်ထမ်းတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငွေရှင်းကောင်တာတွေကို ပလတ်စတစ် ကန့်လန့်ကာတွေ တပ်ဆင်လိုက်ပါတယ်။ တိုကျိုမြို့တော်နဲ့ တခြားခရိုင် ၆ ခုကို အရေးပေါ်အခြေအနေအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက အရင်အပတ်က ကြေညာခဲ့အပြီးမှာ ဘေးကင်းရေး လုပ်ဆောင်ချက်အနေနဲ့ ခုလိုလုပ်တာပါ။ တိုကျိုမြို့တော်က အဓိကဆိုင် ၁၅၀ မှာ ဈေးဝယ်တွေနဲ့ ဝန်ထမ်းတွေအကြား မျက်နှာကြက်ကနေ အောက်ခြေထိ ပလတ်စတစ်အကာတွေ ကာခဲ့ပါတယ်။ အခြေအနေတွေက ပုံမှန်အတိုင်း ဘာမှ ပိုထူးမသွားပေမယ့် ပိုလုံခြုံသွားတယ်လို့ ခံစားရတယ်လို့ ဈေးဝယ်တယောက်က ပြောပါတယ်။ ဒီလုပ်ဆောင်ချက်ကို တခြားဒေသတွင်း စတိုးဆိုင်တွေမှာပါ တိုးချဲ့ လုပ်ဆောင်သွားဖို့ 7-Eleven က စဉ်းစားနေပါတယ်။
11 months Ago
Up