တရုတ်ရဲ့ ဟွာဝေး 5G network ကို မသုံးစွဲဖို့ ဗြိတိန်အပါအဝင် နိုင်ငံအတော်များများ လက်ခံယုံကြည်အောင် အမေရိကန်အစိုးရက ပြောဆိုထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။
ဇူလိုင် ၁၄ ရက်မှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဟွာဝေး 5G network ကို တားမြစ်တယ်လို့ ကြေညာခဲ့တဲ့အတွက် တရုတ်အစိုးရက အမျက်ထွက်ခဲ့ပေမဲ့ အမေရိကန်အစိုးရကတော့ သဘောကျနေပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကြေညာချက်ဟာ နိုင်ငံအတွင်း အကန့်အသတ်နဲ့ 5G network ဖြန့်ကြက်ခွင့်ပြုမယ့် ဇန်နဝါရီလ ဆုံးဖြတ်ချက်ကို ပြောင်းပြန်ဖြစ်သွားစေပါတယ်။
ကပ်ရောဂါအကြောင်းအရာနဲ့ပတ်သက်လို့ ဗိုင်းရပ်စ်ကိစ္စ ဖုံးကွယ်မှုနဲ့ ကမ္ဘာ့အနှံ့ ပျံ့နှံ့ရောက်စေမှုအတွက် တရုတ်နိုင်ငံက အပြည့်အ၀ တာဝန်ယူရမယ်လို့လည်း သမ္မတထရမ့်က ပြောဆိုပါတယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ထရမ့် ပြန်ရွေးကောက်ခံရမလား ဆိုတာနဲ့ပတ်သက်လို့ ကပ်ရောဂါအပေါ် ထရမ့် ကိုင်တွယ်ပုံက သံသယတွေ ပေါ်ပေါက်စေပါတယ်။
အဲဒီအတွက် ထရမ့်ကတော့ တရုတ်နိုင်ငံအပေါ် အပြစ်ပုံချထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
3 years Ago