5G မိုဘိုင်းကွန်ရက်

February 13, 2020

မိတ်ကပ်ဘူးပုံစံခေါက်သိမ်းနိုင်သည့် စမတ်ဖုန်းသစ်များ ဆမ်ဆောင်း မိတ်ဆက်

မိတ်ကပ်ဘူးကြီးပုံစံနဲ့  ခေါက်သိမ်းလို့ရတဲ့ စမတ်ဖုန်းတွေကို ဆမ်ဆောင်းက ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။  ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီဟာ သူရဲ့အခန်းကဏ္ဍကို ဆက်ထိန်းဖို့ကြိုးပမ်းနေတာမို့ အကောင်းဆုံး ဖုန်းအားလုံးမှာ 5G မိုဘိုင်းကွန်ရက်စွမ်းရည်ကိုလည်း  ထည့်သွင်းထားပါတယ်။ ဆမ်ဆောင်းဟာ  သြဇာကြီးလာတဲ့ ဟွာဝေးလို တရုတ်ဖုန်းကုမ္ပဏီတွေနဲ့အတူ အစဉ် အလာပြိုင်ဘက်  အက်ပဲလ်ကို ဈေးကွက်မှာ ကာကွယ်ရင်း ခေါက်စမတ်ဖုန်းတွေကို ဖွင့်ပြခဲ့တာပါ။  ဟွာဝေးဟာ ခေါက်ဖုန်းတွေကို တရုတ်ဈေးကွက်မှာသာ  ဖြန့်ချိနေပြီး အက်ပဲလ်ကတော့ 5G ခေါက်အိုင်ဖုန်းတွေကို မထုတ်ရသေးပါဘူး။ ခေါက်လို့ရတဲ့ ဖုန်းမျက်နှာပြင်ဟာ ဖက်ရှင်အဓိကထားတဲ့ ဝယ်သူတွေကို သဘောခွေ့စေပြီး 5G ဖုန်းရည်မှန်းချက်က ဆမ်ဆောင်းနည်းပညာကို အက်ပဲလ်အပေါ် ခဏတာ အသာစီး ရစေတယ်လို့ ကျွမ်းကျင်သူတွေက ရှုမြင်ပါတယ်။  Galaxy Z Flip ဖုန်းဟာ ပိတ်တဲ့အခါမှာ ကျယ်ပြန့်တဲ့  စတုရန်းမျက်နှာပြင်နဲ့ စမတ်ဖုန်း အများစုပုံစံ အသွင်ပြောင်းသွားပါတယ်။  Galaxy Z Flip ဖုန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီး  ဈေးနှုန်းအမေရိကန်ဒေါ်လာ ၁၃၈၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။  ရရှိနိုင်တဲ့ အရောင်တွေကတော့ ခရမ်း ၊ ရွှေရောင်နဲ့ အနက်ရောင်တို့ ဖြစ်တယ်လို့ ဆမ်ဆောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
1 year Ago
Up