5G စမတ်ဖုန်း

July 27, 2019

5G စမတ်ဖုန်း ဟွာဝေး မိတ်ဆက်

ဟွာဝေးနည်းပညာကုမ္ပဏီဟာ သူရဲ့ 5G စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ပွဲဦးထွက် မိတ်ဆက်ခဲ့ပြီး မကြာခင် သူရဲ့ကိုယ်ပိုင် ဟုန်မန်းအိုအက်စ်စနစ်နဲ့ စမတ်တီဗွီတွေကိုပါ ထုတ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် အစိုးရ ဒဏ်ခတ်တာတွေ ရင်ဆိုင်နေရတဲ့ ဟွာဝေးဟာ ဇူလိုင် ၂၆ ရက်က  တရုတ်ပြည် ဈေးကွက်အတွက် Mate 20 X 5G စမတ်ဖုန်းကို တရုတ်ငွေ ၆၁၉၉- ယွမ် (အမေရိကန် ၉၀၁ - ဒေါ်လာ ) နဲ့ ဖြန့်ချိခဲ့ပါတယ်။ ရှန်းဇန်ဌာနချုပ်မှာ လုပ်တဲ့ အဲဒီမိတ်ဆက်ပွဲမှာပဲ ဟွာဝေးက ရှေ့လထဲမှာ "Smart Screens" လို့ခေါ်တဲ့ တီဗီဆန်ဆန် ထုတ်ကုန်တွေကို မိတ်ဆက်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်တီဗွီတွေဟာ ကိုယ်ပိုင် ဟုန်မန်းအိုအက်စ် စနစ်ပေါ် အခြေခံတဲ့ ပထမဆုံး ထုတ်ကုန်တွေ ဖြစ်မယ်လို့လည်း ဆင်ဟွာသတင်းက ဆိုပါတယ်။ ဟွာဝေးဟာ အမေရိကန်ဖြစ် ဆော့ဖ်ဝဲလ် ဖြတ်တောက်တာကို ကြိုကာထားတဲ့အနေနဲ့ ကိုယ်ပိုင် အိုအက်စ်ကို ဖန်တီးထားတာပါ။ ဒါပေမဲ့ အဲဒီ အိုအက်စ်အကြောင်းကို သိပ်မဖော်ပြခဲ့ဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up