3D ရုပ်ကြွရေးဆွဲ ပညာပေး

October 1, 2020

ကိုဗစ်-၁၉ ရောဂါမပေါ့ဆစေရန်  3D ရုပ်ကြွရေးဆွဲ ပညာပေး

ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆဖို့အတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊  ၆၂လမ်းပေါ်ရှိ မနော်ရမ္မံဟစ်တိုင်ကွင်းမှာ စက်တင်ဘာ ၃၀ ရက်က မြို့ခံ 3D Street Art လူငယ်ဝါသနာရှင် ကိုရဲရင့်နိုင်က ကိုရိုနာဗိုင်းရပ်စ် 3D ရုပ်ကြွပုံ ရေးဆွဲပြီး အသိပညာပေးလုပ်ဆောင်ခဲ့ပါတယ်။ မန္တလေးတိုင်း မြို့နယ်တချို့မှာ   Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ မပေါ့ဆဖို့ အပြင်သွားလာသူတွေအနေနဲ့ Mask တပ်ဖို့နဲ့ လက်ဆေးဖို့ အသိပညာပေးတဲ့အနေဖြင့် အခုလို 3D ရေးဆွဲတာဖြစ်ပါတယ်။ 3D Street Art လူငယ်ဝါသနာရှင် ကိုရဲရင့်နိုင်က "  မြို့နယ်တချို့မှာ  Stay at Home ဖြစ်နေပေမယ့် လမ်းမပေါ်မှာ Mask မတပ်တဲ့ လူတွေ တွေ့နေရတုန်းပါ၊ မကြောက်ကြသေးဘူးပေါ့၊ ကိုဗစ်-၁၉ ရောဂါအကြောင်း ပိုသိစေချင်တယ်၊ မပေါ့ဆဖို့ သတိထားကြဖို့  ပညာပေးတဲ့အနေနဲ့ အခုလို ရေးဆွဲဖြစ်တာပါ " လို့ ပြောပါတယ်။ အဲဒီ အသိပညာပေး ရုပ်ကြွပုံကို စက်တင်ဘာ ၂၉ ရက်က ပုံကြမ်းရေးဆွဲပြီး စက်တင်ဘာ ၃၀ ရက်မှ အချောသတ် ရေးဆွဲခဲ့တာပါ။ ဒီ 3D ပုံက ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်မက်ဖွယ်ကောင်းအောင် ဗိုင်းရပ်စ်ပုံစံကို အစိမ်းရောင် Monster ပုံစံ ရေးဆွဲထားတာဖြစ်ပါတယ်။ သတင်း- သော်တာ
7 months Ago
Up