3D နည်းပညာ

August 25, 2019

ဗြိတိန်လေဆိပ်အားလုံးတွင် 3D နည်းပညာဖြင့် စစ်ဆေးနိုင်ရေး လုပ်ဆောင်နေ

ဗြိတိန်နိုင်ငံက အကြီးစား လေဆိပ်အားလုံးမှာ ခရီးဆောင်အိတ်တွေကို ၃ ဘက်မြင် ရုပ်ကြွ 3D နည်းပညာ အသစ်နဲ့ စစ်ဆေးမယ့် စက်တွေ ၂၀၂၂ မတိုင်ခင် ရှိနေရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သြဂုတ် ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။ နည်းပညာအသစ်ဟာ လုံခြုံရေးကို ပိုတိုးစေမယ်၊ လုံခြုံရေး စစ်ဆေးတာကို ပိုမြန်စေမယ် ကန့်သတ်ထားတဲ့ အရည်တွေနဲ့ အိတ်ဆောင် ကွန်ပျူတာ လက်ပ်တော့တွေကို မြင်နိုင်စေမယ်လို့ အစိုးရက ပြောပါတယ်။ ဒီနည်းပညာအတွက် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၅ သ၀န်း ရင်းနှီးမြှုပ်နှံပြီးပြီလို့ ဟိသရိုး လေဆိပ်က ဇွန်လမှာ ကြေညာပါတယ်။ ဒီနည်းပညာကို ၂၀၂၂ မှာ အပြည့်အဝ စသုံးတဲ့အခါ လုံခြုံရေး စစ်ဆေးတဲ့နေရာကို ဖြတ်ချိန်မှာ ခရီးသည်တွေဟာ အရည်ပါတဲ့ ပစ္စည်းတွေနဲ့ အိတ်ဆောင် ကွန်ပျူတာတွေကို သူတို့ရဲ့ ခရီးဆောင်သေတ္တာတွေထဲကနေ ထုတ်ပြစရာ မလိုတော့ပါဘူး။  ဟီသရိုး လေဆိပ်ဟာ ၂၀၁၇ တည်းက ဒီနည်းပညာကို သယ်ယူပို့ဆောင်ရေးဌာနနဲ့အတူ စမ်းသပ်နေခဲ့တာပါ။  လာမယ့် နှစ်နည်းနည်းအတွင်း ဒီနည်းပညာကို ဖြည်းဖြည်းချင်း တိုးချဲ့ အသုံးချသွားမယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿဗိတိန္ေလဆိပ္အားလုံးတြင္ 3D နည္းပညာျဖင့္ စစ္ေဆးႏိုင္ေရး လုပ္ေဆာင္ေန ၿဗိတိန္ႏိုင္ငံက အႀကီးစား ေလဆိပ္အားလုံးမွာ ခရီးေဆာင္အိတ္ေတြကို ၃ ဘက္ျမင္ ႐ုပ္ႂကြ 3D နည္းပညာ အသစ္နဲ႔ စစ္ေဆးမယ့္ စက္ေတြ ၂၀၂၂ မတိုင္ခင္ ရွိေနရမယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ၾသဂုတ္ ၂၅ ရက္မွာ ေၾကညာလိုက္ပါတယ္။ နည္းပညာအသစ္ဟာ လုံၿခဳံေရးကို ပိုတိုးေစမယ္၊ လုံၿခဳံေရး စစ္ေဆးတာကို ပိုျမန္ေစမယ္ ကန႔္သတ္ထားတဲ့ အရည္ေတြနဲ႔ အိတ္ေဆာင္ ကြန္ပ်ဴတာ လက္ပ္ေတာ့ေတြကို ျမင္ႏိုင္ေစမယ္လို႔ အစိုးရက ေျပာပါတယ္။ ဒီနည္းပညာအတြက္ အေမရိကန္ေဒၚလာ ၆၁ ဒသမ ၅ သ၀န္း ရင္းႏွီးျမႇဳပ္ႏွံၿပီးၿပီလို႔ ဟိသ႐ိုး ေလဆိပ္က ဇြန္လမွာ ေၾကညာပါတယ္။ ဒီနည္းပညာကို ၂၀၂၂ မွာ အျပည့္အဝ စသုံးတဲ့အခါ လုံၿခဳံေရး စစ္ေဆးတဲ့ေနရာကို ျဖတ္ခ်ိန္မွာ ခရီးသည္ေတြဟာ အရည္ပါတဲ့ ပစၥည္းေတြနဲ႔ အိတ္ေဆာင္ ကြန္ပ်ဴတာေတြကို သူတို႔ရဲ႕ ခရီးေဆာင္ေသတၱာေတြထဲကေန ထုတ္ျပစရာ မလိုေတာ့ပါဘူး။ ဟီသ႐ိုး ေလဆိပ္ဟာ ၂၀၁၇ တည္းက ဒီနည္းပညာကို သယ္ယူပို႔ေဆာင္ေရးဌာနနဲ႔အတူ စမ္းသပ္ေနခဲ့တာပါ။ လာမယ့္ ႏွစ္နည္းနည္းအတြင္း ဒီနည္းပညာကို ျဖည္းျဖည္းခ်င္း တိုးခ်ဲ႕ အသုံးခ်သြားမယ္လို႔ ႐ိုက္တာ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up