2017 Myanmar Guitar Festival ကို မေလ ၁၀ ရက်နေ့ညက ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အခမဲ့ ကျင်းပခဲ့ပါတယ်။
ဒီဂီတာပွဲတော်မှာ ပက်ထရစ်၊ နိုင်ဇော်၊ ညီညီထွေး၊ ဇော်လတ်၊ ကိုစိုင်း၊ ဝင်းမော်၊ ဘွိုင်း၊ ရန်နိုင်ရွှေထွဋ် စတဲ့ ဂီတာသမား ၁၇ ယောက်ရဲ့ ကိုယ်ပိုင်တီးလုံးတွေကို တီးခတ်ဖျော်ဖြေခဲ့ကြတာပါ။
ပွဲစီစဉ်သူ တေးသံရှင် ကောင်းဆက်ကလည်း သူ့ရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို သီဆိုဖျော်ဖြေမှာဖြစ်ပြီး ဧည့်သည်တေးသံရှင်အဖြစ် ဂျေမောင်မောင်၊ အာဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ အိမ့်ချစ်တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။
4 years Ago