December 26, 2015

ဂျပန်နိုင်ငံမှ မိကျောင်းရေချိုးပွဲတော် (ရုပ်သံ)

ဂျပန်နိုင်ငံ၊ ရှီဇူအိုကာဒေသ၊ အတ်တာဂ၀ါ အမျိုးသားမိကျောင်းဥယျာဉ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က နှစ်ကုန် မိကျောင်းရေချိုးပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့ကို သားရိုင်းတိရစ္ဆာန်သန့်ရှင်းရေး လှုပ်ရှားမှုအဖြစ် ခုလို ကျင်းပခဲ့တာဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် နိပွန်ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မှာ မိကျောင်းတွေကို ၀န်ထမ်းတွေရဲ့ စောင့်ကြပ်မှုနဲ့ ရေချိုး ပွတ်တိုက်သန့်ရှင်းပေးနေတာတွေကို တွေ့ရပါတယ်။ အဲဒီအမျိုးသားမိကျောင်းဥယျာဉ်မှာ တရုတ်နဲ့ အမေရိကန် မိကျောင်းမျိုးစိတ် ၁၄၀ လောက် ရှိနေတာဖြစ်ပြီး တချို့မိကျောင်းတွေဟာ အရှည် ၃ မီတာကျော်၊ ကိုယ်အလေးချိန် ၂၅၀ ကီလိုဂရမ်ကျော်ထိ ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up