0ဗင်နီဇွဲလား

August 5, 2018

ဗင်နီဇွဲလားသမ္မတ မိန့်ခွန်းပြောကြားနေစဉ် ပေါက်ကွဲမှုဖြစ်

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်စ်မှာ သြဂုတ် ၄ ရက်နေ့က သမ္မတ မာဒူရို မိန့်ခွန်းပြောကြားနေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့်  သမ္မတ မာဒူရို ထိခိုက်ဒဏ်ရာရမှု မရှိဘဲ လုံခြုံရေးအဖွဲ့ဝင်တွေက သူ့ကို စင်မြင့်ကနေ ဘေးလွတ်ရာ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘိုလီးဗီးယား အမျိုးသားအစောင့်တပ်ရဲ့ ၈၁ ကြိမ်မြောက် နှစ်ပတ်လည် စစ်ရေးပြ အခမ်းအနားမှာ အခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ချိန် သမ္မတ မာဒူရိုဟာ ရုပ်သံကနေ တိုက်ရိုက် မိန့်ခွန်းပြောကြားနေပြီး သူ့ဘေးနားမှာ ဇနီးဖြစ်သူလည်း ရှိနေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို  ဒရုန်းလေယာဉ်တွေ အသုံးပြုပြီး  လုပ်ဆောင်ခဲ့တာလို့ ဗင်နီဇွဲလား ဆက်သွယ်ရေး ဒုဥက္ကဋ္ဌက ရုပ်သံကနေ တိုက်ရိုက် ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒီတိုက်ခိုက်မှုဟာ သမ္မတနဲ့ စစ်ဘက်ဌာနချုပ်ကို အကြမ်းဖက်တိုက်ခိုက်တာဖြစ်ပြီး  ဒီတိုက်ခိုက်မှု အတွက် အတိုက်အခံပါတီကို အပြစ်တင်တယ်လို့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
3 years Ago
Up