တိုင်းဒေသကြီးနဲ့ ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲတွေ ကျင်းပရာမှာ အလားအလာကောင်းတဲ့ လူငယ် မျိုးဆက်သစ်ကစားသမားတွေ တွေ့ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးဝင်းက ပြောပါတယ်။
မျိုးဆက်သစ်ကစားသမားတွေဟာ လာမယ့်ဆီးဂိမ်းမှာ ယှဉ်ပြိုင်နိုင်မယ့်အခြေအနေ ရှိချင်မှ ရှိနိုင်ပေမယ့် နောင်လာမယ့် ဆီးဂိမ်းပြိုင်ပွဲတွေအတွက် ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
လက်ရှိကျင်းပနေတဲ့ သေနတ်ပစ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးက ပြိုင်ပွဲဝင်တွေကို နည်းစနစ်ကော်မတီကနေ တဦးချင်းစီ လေ့လာနေတယ်လို့ သိရပါတယ်။
လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ သေနတ်ပစ်ပြိုင်ပွဲအပြီးမှာ တံခွန်စိုက်ပြိုင်ပွဲကို ဆက်လက်ကျင်းပမှာဖြစ်သလို ပဏာမလက်ရွေးစင်တွေလည်း ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
သေနတ်ပစ်အားကစားဟာ မြန်မာပြည်မှာ လူသိနည်းတဲ့ အားကစားဖြစ်ပေမယ့် နောက်ပိုင်းအချိန်တွေမှာ လူငယ်တွေအနေနဲ့ စိတ်ဝင်တစား လာရောက်ယှဉ်ပြိုင် ကစားနေကြတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ
6 years Ago