 နိုင်ငံတကာ ပညာရေးပြပွဲ

June 16, 2018

ဒုတိယအကြိမ်​​မြောက်​ နိုင်ငံတကာ ပညာရေးပြပွဲ ကျင်းပ

ဒုတိယအကြိမ်​​မြောက်​ နိုင်ငံတကာ ပညာရေးပြပွဲကို ရန်ကုန်​မြို့ Sule Shangri-la ဟိုတယ်မှာ ဒီ​နေ့ စတင်ကျင်းပနေပါတယ်။ အဲဒီပညာရေးပြပွဲမှာ ပြည်တွင်းပြည်ပက ကျောင်းပေါင်း ၂၀ ကျော်က ပါဝင်ပြသခဲ့ပြီး ကျောင်းသူကျောင်းသားတွေတွက် ပညာရေးအခွင့်အလမ်းတွေကို တနေရာတည်းမှာ လေ့လာနိုင်အောင် ရည်ရွယ်ကျင်းပနေတာဖြစ်ပါတယ်။ နိုင်​ငံတကာပညာ​ရေးကို စိတ်​၀င်​စားတဲ့ ​ကျောင်းသားလူငယ်​​တွေ၊ မိသားစု​တွေ လာ​ရောက်​​လေ့လာကြပြီး နိုင်​ငံ ၇ နိုင်​ငံက တက္ကသိုလ်​​တွေကလည်း သတင်းအချက်​အလက်​ မျှ​ဝေ​ဟော​ပြောမှု​တွေ ပြုလုပ်​ကြပါတယ်​။ နိုင်ငံတကာပညာရေးပြပွဲကို ဇွန်​ ၁၆-၁၇ ရက်တွေ ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ သတင်းဓာတ်​ပုံ - ​ကျော်​တိုးလွင်
3 years Ago
Up