မြေတူး​နေသည့်ကုမ္ပဏီ

May 27, 2018

ရွှေ​တောင်​​တော်​ဘုရားကုန်းတွင် တရားမဝင်​​မြေတူး​နေသည့်ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆို

မန္တလေး တံတားဦး​မြို့နယ် ရွှေ​တောင်​​တော်ဘုရားကုန်းမှာ တရားမဝင်​​မြေတူး​နေတဲ့ ခိုင်​လုံးကြိုင်​ ကုမ္ပဏီကို သက်​ဆိုင်​ရာဌာန​တွေက ဥပ​ဒေနဲ့အညီ အ​ရေးယူပေးဖို့ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက ​တောင်းဆိုလိုက်​ပါတယ်​။ “ခိုင်​လုံးကြိုင်​ကုမ္ပဏီက လုပ်​ပိုင်​ခွင့်လည်းမရှိ၊ ခွင့်ပြုမိန့်​လည်း မရှိတာ​ကြောင့် ကျ​နော်​အ​နေနဲ့ သုံးကြိမ်​အထိ အထက်​အဆင့်ဆင့်ကို တိုင်​ကြားခဲ့​ပေမယ့် ဆက်လက်ပြီး ​မြေတူးနေကြတယ်။ ဒီ​နေ့ ဒီအချိန်​ထိ အ​ရေးယူ​ဆောင်​ရွက်​တာမျိုး မရှိ​သေးဘူး။ အဲဒါ​ကြောင့် အခုတံတားဦး ​ရွှေ​တောင်​​တော်​ ဘုရားကုန်းကို တရားမဝင်​လာ​ပြီး စက်​ကြီး​တွေနဲ့တညကို ကားအစီး ၁၀၀ နီးပါး သယ်​ယူ​နေတာကို သက်​ဆိုင်​ဌာန​တွေက အ​ရေးယူ​​ဆောင်​ရွက်​​ပေးဖို့ လိုတယ်။ အပြည်​ပြည်​ ဆိုင်​ရာ တံတားဦး​လေယာဉ်​ကွင်းကို​ ပေးပို့​နေတဲ့ အဓိက ဓာတ်​အားလိုင်း​တွေဆိုရင်​ အရမ်းကို အန္တရာယ်​များ​နေပြီ​လေ။ အခုမြင်​ရတဲ့အတိုင်းပါပဲ။ တူး​ဖော်​​နေတဲ့စက်​တွေက ဓာတ်​အားလိုင်း အ​ခြေအထိ တူး​ယူထားကြတယ်။ မိုး​တွေ​လေ​တွေနဲ့ သဘာဝဘေးအန္တရာယ်​ ကျ​ရောက်​လာရင်​​ လေယာဉ်ကွင်းကို ထိခိုက်​နိုင်​တယ်” ​လို့ သဲ​မောင်းကန်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​သန်းက ​ပြောပါတယ်​။ တံတားဦမြို့နယ်​ပြည်​သူ့ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်စိုးနွယ်​​အေးက “​ဘုရားပုထိုး​တွေ​၊ စေတီ​တွေ၊ ဓာတ်​တိုင်​​တွေဟာ ပြိုလဲမတတ်​ဖြစ်​​နေပြီ။ အဲတာ​ကြောင့်မို့ တရားမဝင်​​မြေတူး​နေတဲ့ ကုမ္ပဏီဖြစ်​​စေ ​မြေကားပိုင်​​တွေဖြစ်​တဲ့ တဦး တ​​ယောက်​က တူးတာပဲဖြစ်​ဖြစ် ​​မြေတူး​နေတဲ့တရားမဝင်​ ကုမ္ပဏီ​တွေကို ကျမတို့က ထိ​ရောက်​စွာအ​ရေး ယူ​ပေးဖို့ မြို့်​နယ်​အုပ်​ချုပ်​​ရေးမှူးနဲ့ ကျမတို့က အစည်းအ​ဝေးမှာ အေ​ရးယူ​ပေးဖို့ တင်​ပြ​​တောင်းဆိုသွားမှာ ဖြစ်​တယ်​။ တင်​ပြ​တောင်းဆိုလို့ ဥပ​ဒေနဲ့အ​ရေးယူ ခဲ့ရင်​​တောင်​ အခုတူး​မြေတူး​ဖော်​ကြသူတွေအ​နေနဲ့ နှစ်​များစွာတူး​ဖော်​ခဲ့ကြလို့ ပျက်​စီးဆုံးရှုံးခဲ့မှု တွေကို ဘယ်​လို ပြန်​လည်​ကုစား​ပေးမှာလဲ။ ​လျော်​​ကြေး နစ်​နာ​ကြေး​တွေ ဘယ်​လိုပြန်​လည်​​ ပေးသွားမလဲဆိုတဲ့ အထိ ကျမတို့လုပ်​​ဆောင်​သွားမှာဖြစ်​တယ်​” လို့ ​ ပြောပါတယ်​။ ​စက်​ယန္တရားကြီး​တွေနဲ့ ညစဉ်​တူး​ဖော်​သယ်​ယူနေတဲ့ ခိုင်​လုံးကြိုင်​ ကုမ္ပဏီဟာ တံတားဦးမြို့်​နယ်​ သဲ​မောင်းကန်​အုပ်​စု ​ရွှေ​တောင်​​တော်​ဘုရားကုန်းက​မြေ​တွေကို ညစဉ်​ တရားမဝင်​​​မြေ​တွေကို တူး​ဖော်​သယ်​ယူပြီး မန္တ​လေးတိုင်း အမရပူရမြို့ နယ်​​တောင်​သမန်​ သစ္စာကုမ္ပဏီကို တင်​သွင်း​နေတာလည်း ဖြစ်​ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်
3 years Ago
Up