မြောက်​ဦးပစ်ခတ်မှုကိစ္စ ရခိုင်​ပြည်​နယ်​အစိုးရနှင့် အရပ်​ဖက်​အဖွဲ့များဆွေးနွေး(ဓာတ်ပုံ)

January 22, 2018

မြောက်​ဦးပစ်ခတ်မှုကိစ္စ ရခိုင်​ပြည်​နယ်​အစိုးရနှင့် အရပ်​ဖက်​အဖွဲ့များဆွေးနွေး(ဓာတ်ပုံ)

  ရခိုင်ပြည်နယ် ​မြောက်​ဦးမှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ပတ်​သတ်​လို့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့နဲ့ ရခိုင်​အရပ်​ဖက်​လူမှုအဖွဲ့အစည်း​တွေဒီက​နေ့ မွန်းလွဲပိုင်းက အပြန်​အလှန်​​ဆွေး​နွေး​နေကြပါတယ်​။ ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ဦးညီပု၊ ရခိုင်​ပြည်​နယ်​အုပ်​ချုပ်​​ရေးမှူး ဦးတင်​​မောင်​​ဆွေ၊ ရခိုင်​ပြည်​နယ်​ပြည်​နယ်​ရဲမှူးကြီး ​အောင်​မြတ်​မိုးအပါအဝင်​ ရခိုင်​ပြည်​နယ်​ရှိ အရပ်​အဖက်​ အဖွဲ့​အစည်း​တွေက ​ဆွေး​နွေး​နေကြတာပါ။ ရခိုင်ပြည်နယ်၊ မြောက်ဦးပဋိပက္ခအတွင်း အရပ်သားတွေ သေဆုံးခဲ့ရမှုအတွက် အစိုးရ မဟုတ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တခုဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ရခိုင်အရပ်ဘက် အဖွဲ့အစည်း ၇၀ ကျော်က ပူးပေါင်းတောင်းဆိုပါတယ်။ ၀ဏ္ဏခွာညို
4 years Ago
Up