မြေထိန်း နံရံ

August 18, 2018

အထက်​မင်းလှတ​မြို့လုံးကို ​ကျောက်​စီ​မြေထိန်း နံရံများ တည်​​ဆောက်​​ပေးမည်

မ​ကွေးတိုင်း​ဒေသကြီး ဧရာဝတီမြစ်​ကမ်း​ဘေးရှိ အထက်​မင်းလှမြို့ တ​မြို့လုံးကို ​ကျောက်​စီ​မြေထိန်းနံရံတွေ တည်​​ဆောက်​​ပေးသွားမယ်​လို့ တိုင်း​ဒေသကြီး ​ရေအရင်းမြစ်​နှင့် မြစ်​​ချောင်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦ​ဇော်​လွင်​ကက ပြောပါတယ်​။ "ဧရာဝတီ၊ ချင်းတွင်းမြစ်​​ပေါ်မှာရှိတဲ့ ဆိပ်​ကမ်းမြို့​တွေကို ဆိပ်​ကမ်းသာယာလှပ​ရေး၊ ကမ်းပြိုကာကွယ်​​ရေးလုပ်​ငန်း​တွေ​ အခိုင်​အမာ ​ဆောင်​ရွက်​​ပေး​နေပါတယ်​။ မင်းလှမြို့ ကမ်းပြိုကာကွယ်​​ရေးကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်​က စတင်​လုပ်​​ဆောင်​ခဲ့တာဖြစ်​တယ်​။ အထူးသဖြင့် ခံတပ်​ရဲ့ အထက်​​အောက်​၊ ​ရွှေဘုံးသာဘုရားက​နေ စလိုက်​တာ။ အရင်​တုန်းက​တော့ နည်းစနစ်​မရှိဘဲ မြို့ခံ​တွေရဲ့ စိုးရိမ်​မှုနဲ့လုပ်​ထားတာ​တွေရှိတယ်​။ အဲဒါ​တွေကို ဘိုးပိုင်​အ​ခြေပြု ​ကျောက်​စီနံရံ​တွေ ပြုလုပ်​​ပေး​တော့ ဘုရား အတွက်​လည်း စိတ်​ချရပြီ၊ ခံတပ်​ကလည်း အ​ထက်​​အောက်​ ကာဘာဖြစ်​သွားပြီ။ ၂ဝ၁၈-၂ဝ၁၉ မှာလည်း ပါတယ်​၊ ၂ဝ၁၉-၂ဝ၂ဝ မှာ မင်းလှတမြို့လုံးကို ​ကျောက်​စီနံရံ​တွေ ပတ်​နိုင်​​အောင် ​လုပ်​​ဆောင်​သွားမယ်​။ အရင်​တုန်းကဆို ဆိပ်​ကမ်းကို သွားမယ့်လူမရှိဘူး၊ ခုဆိုရင်​ ​လျှောက်​လမ်း​တွေ​ကော လုပ်​​ဆောင်​​ပေးထားတဲ့အတွက်​ မင်းလှဆိပ်​ကမ်း အများကြီး​ပြောင်းလဲသွားပါပြီ" လို့ ဒီဗွီဘီ ကို​ ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်းမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်​မှ အခုအထိ အစိုးရခွင့်ပြု​ငွေ ကျပ်​သန်း​ပေါင်း ၆ဝဝဝ ​ကျော်​လောက်နဲ့ ​ရေလမ်း​ကြောင်းထိန်းသိမ်း​ရေးနဲ့ ကမ်းပြို ကာကွယ်​​ရေးလုပ်​ငန်း​တွေ လုပ်​​ဆောင်​​နေတာလို့ တိုင်း​ဒေသကြီး ​ရေအရင်းအမြစ်နှင့် မြစ်​​ချောင်​များ ဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနက သိရပါတယ်​။ သတင်း-မင်းထီး
3 years Ago
Up