သွေးလှူ

July 14, 2018

၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို ဂုဏ်​ပြု​သွေးလှူ

ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့ အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေကို ​သတိရ​အောင့်မေ့ပြီး ၇၁ နှစ်​​မြောက် ​အာဇာနည်​​နေ့အကြိုအ​နေနဲ့ စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​​ကျောင်းသား/သူ​တွေက ဂုဏ်​ပြုပြီး ​သွေးအိပ်​​ ၁၅၀ ​ကျော်​ကို ဒီနေ့ လှူဒါန်းခဲ့ကြပါတယ်​။ “ကျမငယ်​ငယ်​​လေးကတည်းက ဗိုလ်​ချုပ်​​အောင်​ဆန်းကို ​လေးစားမိတာပါ။ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ အမူ အကျင့်အ​ပြောအဆို အ​နေအထိုင်​ကို ​လေးစားမိလို့ အခုလို​သွေးလှူဖြစ်​တာပါ။ ​နောင်​လာမယ့် မောင်​ငယ်​ညီမငယ်လေး​တွေလည်း ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့အာဇာနည်ခေါင်း​ဆောင်​ကြီး​တွေကို အမှတ်​ရပြီး ​လေးစားအတုယူ​စေချင်​တယ်။ အာဇာနည်​​နေ့ကိုလည်း ကမ္ဘာတည်​​နေသမျှမ​မေ့​စေချင်​ဘူး​လေ။ အဲဒါ​ကြောင့်လည်း ကျမတို့က​ သွေး​ဖောက်​လှူဖြစ်​ရတာ” လို့ စစ်​ကိုင်းပညာ​ရေးတက္က သိုလ်​​ BED စတုတ္ထနှစ်​​ကျောင်းသူ မငြိမ်းငြိမ်း​ဆွေက​ ပြောပါတယ်​။ “အာဇာနည်​​ခေါင်း​ဆောင်​ကြီး​တွေအတွက် အမှတ်​တရာကြိုဆိုဂုဏ်​ပြုချင်​လို့ ကူညီ​ပေးပါဆိုလို့ ကျမတို့က ​သွေးလှူဘဏ်​ကို ချိတ်​ဆက်​​ပေးပြီး ​သွေးလှူကြမယ့် ကျောင်းသူ/​ကျောင်းသား​တွေကို ကျမတို့ကွန်​ရက်​အ​နေနဲ့ ထမင်း​ကျွေးဖြစ်​ခဲ့ပါတယ်​။ အာဇာနည်​​တွေဟာ ဂုဏ်​ပြုထိုက်​တဲ့ ပုဂ္ဂိုလ်​​တွေ​လေ။ ဒါမှလည်း​ နောက်​တက်လာမယ့် လူငယ်​​လေး​တွေအ​နေနဲ့​ အောက်​​မေ့သတိရပြီး ​နောင်​နှစ်​​တွေမှာလည်း အညဇာနည်နေ့ဆိုတာကို မ​မေ့သင့်တဲ့​နေ့ဆိုတာ သိ​စေချင်​လို့အခုလို ကူညီ​ပေးခဲ့တာ” လို့ မြင့်မြတ်​ဧရာဝတီလူငယ်​ လူမူကွန်​ရက်​တည်​​ထောင်​သူ ​ဒေါ်သင်းနွဲ့နွဲ့​ဖေက ​ပြောပါတယ်​။ အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့တကွ ကျဆုံးခဲ့သူ​တွေကိုရည်စူးပြီး ၇၁ နှစ်​​မြောက်​ အာဇာနည်​​နေ့အကြို​ ဂုဏ်​ပြု​သွေးလှူပွဲတဲ့​ ကျောင်းသား​ကျောင်းသူ​တွေနဲ့အတူ ပါ​မောက္ခဆရာမကြီး တက်​​ရောက်​ခဲ့ပါတယ်​။
3 years Ago
Up