သောက်​သုံး​ရေရှားပါး

February 23, 2019

မ​ကွေးတိုင်း နွေရာသီ ​သောက်​သုံး​ရေအခက်အခဲ ​ကျေးလက်​​မြေ ပရဟိတအဖွဲ့ ပံ့ပိုးကူညီ

မ​ကွေးတိုင်း​ဒေသကြီးအတွင်း ​နွေရာသီ ​သောက်​သုံး​ရေရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေကို ​ကျေးလက်​​မြေပရဟိတ အဖွဲ့က အလှူရှင်​​တွေဖိတ်​​ခေါ်ပြီး ကူညီ ပံ့ပိုးပေးနေပါတယ်။ ​ကျေးလက်​​မြေ ပရဟိတအဖွဲ့က ဦး​​ဆောင်​သူ ကို​ဇော်​မင်းထိုက်​က “အစိုးရအဖွဲ့နဲ့ ​ကျေးလက်​​ဒေသဖွံဖြိုး​ရေး ဦးစီးဌာန​တွေအ​နေနဲ့ ​နေရာစုံ အချိန်​ပြည့်​ ​စောင့်​ကြည့်​ပြီး မ​ဆောင်​ရွက်​နိုင်​တာ​ကြောင့် လိုအပ်​ချက်​ရှိတဲ့ ကျေးရွာ​တွေအတွက်​ အလှူရှင်​​တွေနဲ့ ချိတ်​ဆက်​ပြီး​ ဆောက်​ရွက်​​နေတာပါ။”လို့ပြောပါတယ်။ ​နွေရာသီ​ရောက်​ပြီဆိုရင်​ မ​ကွေး၊ နတ်​​မောက်​၊ မြို့သစ်​၊​ တောင်​တွင်းကြီးမြို့နယ်​ဘက်​က မြို့နဲ့ အလှမ်းဝေးတဲ့ ​ကျေးရွာတချို့မှာ ​သောက်​သုံး​ရေရှားပါးတဲ့ ပြဿနာနဲ့ အမြဲ ရင်​ဆိုင်​​နေရတာပါ။ ​ကျေးလက်​​မြေ ပရဟိတအဖွဲ့က​ သောက်​သုံး​ရေ ရှာပါးတဲ့ ​ကျေးရွာ​တွေမှာ ​ရေတွင်းတူ​ဖော်​​ပေးတာ၊​ သောက်​သုံ​ရေလှူဒါန်းတာ​တွေကို အလှူရှင်​​တွေနဲ့ ချိတ်​ဆက်​ပြီး လုပ်​​​ဆောင်​​ပေး​နေတာ ၇ နှစ်​ရှိပြီးဖြစ်ပါတယ်။ ကြာကန်​​ကျေးရွာ အ​ရှေ့​ မြောက်​ကုန်းတဲတိုက်​က ကိုခင်​​မောင်​​ဆွေက “ရေစက်​၊​ ရေကန်​နဲ့​ဝေးပြီး တဲစုကလည်းများလို့ ​သောက်​သုံး​ရေ အခက်​ခဲဖြစ်​​နေတာပါ။ ​ရေတစည်​ ကို ၁၅၀၀ ကျပ်​​ လောက်​​ပေးဝယ်​​နေရပြီး ဝယ်​ချင်​တိုင်းဝယ်​ယူလို့ မရနိုင်​ပါဘူး။ အမှန်​တကယ်​ ​ရေလိုအပ်​တဲ့​နေရာကို လာ​ရောက်​လှူဒါန်း​ပေးတဲ့ ​ရေအလှူရှင်​​တွေကို အထူး​ကျေးဇူးတင်​ပါတယ်​” လို့ဆိုပါတယ်​။ မ​ကွေးမြို့နယ်​ ကြာကန်​​ကျေးရွာ အ​ရှေ့​မြောက်​ကုန်​တဲတိုက်​မှာ ​ဖေ​ဖော်​ဝါရီ ၂၁ ရက်​ မနက်ပိုင်းက မန္တ​လေးမှ ​ ကိုခိုင်​ဘွားနဲ့​ မ​ချောစုစံမိသားစုက ​သောက်​သုံး​ရေ လှူဒါန်းခဲ့တာပါ။ တနေ့တာ ​သောက်​သုံး​ရေ လှူဒါန်းမှုအတွက်​ ကျပ် ၁၂ဝဝဝဝ ကုန်​ကျတယ်​လို့ ကျေးလက်​​မြေ ပရဟိတ အဖွဲ့က သိရပါတယ်​။ ​နွေရာသီကာလ မြန်​မာနိုင်​ငံအလယ်​ပိုင်း​ အညာ​ဒေသ ရှိ​ကျေးရွာ​တော်​​တော်​များများမှာ နှစ်​စဉ်​ ​​သောက်​သုံး​ရေရှားပါတဲ့ အခက်​ခဲ​တွေနဲ့ ရင်​ဆိုင်​​နေကြရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းထီး  
2 years Ago
Up