ရေ​ဘေးသင့်ပြည်​သူများအတွက် ပန်းချီရေးဆွဲ အလှူခံ

August 12, 2018

ရေ​ဘေးသင့်ပြည်​သူများအတွက် ပန်းချီရေးဆွဲ အလှူခံ

မြန်​မာတဝှမ်း ​ရေ​ဘေးကြုံ​တွေ့​နေကြရတဲ့ ပြည်​သူ​တွေကို ကိုယ်​ချင်းစာနာပြီး လှူဒါန်းနိုင်​ဖို့​ ပန်းချီပညာရှင် ၁၆ ဦးက မန္တလေး၊ အောင်မြေသာစံမြို့နယ်​ ၂၆ လမ်း ၆၆ လမ်း ​ကျုံး​ထောင့်မှာ စု​ပေါင်းပြီး လုပ်​အားဒါနအ​နေနဲ့ ပန်းချီ​ရေးဆွဲနေကြပါတယ်​။ “ကျ​နော်​တို့ မြန်​မာပြည်​မှာ​ အောက်​ပြည်​ဘက်​ ​ရေ​တွေအရမ်းကြီးလို့ ဒါကို ကိုယ်​ချင်းစာမိကြပြီး ပန်းချီပညာရှင်​​တွေက စု​ပေါင်းပြီး​ ရေးဆွဲလို့ရတဲ့ ​ငွေ​တွေကို ​ရေ​ဘေးသင့်​​ဒေသ​တွေကို သွား​ရောက်​လှူဒါန်းသွားမှာပါ။ အဓိကက​တော့ ကိုယ်​ချင်းစာတဲ့စိတ်​နဲ့ အခုလို ကျုံး​ဘေးမှာ လာ​ရောက်​​ရေးဆွဲကြတာ။ ကိုယ်တတ်​တဲ့ ပန်းချီပညာ​လေးနဲ့ ​ငွေရှာပြီး​ ထောက်​ပံ့သွားမှာဖြစ်​တယ်​။ ပြည်​သူများအ​နေနဲ့လည်ည်း ​ငွေ ၅၀၀၀ ကျပ်​ပေးလှူပြီး ပန်​ချီကားတချပ်​ လက်​​ဆောင်​ပြန်​ယူသွားနိုင်​တယ်​” လို့ ပန်းချီးသက်​တမ်း ၅၀​ ကျော်​ရှိတဲ့ ဦးသစ်​ထွဏ်းက ​ပြောပါတယ်​။ ”ရေ​ဘေးသင့်နေတဲ့ ပြည်​သူ​တွေကို ကိုယ်​တိုင်​ကိုယ်​ကျ သွားလှူဖို့ဆိုရင်​ အချိန်​အ​နေနဲ့လည်း ပေးရမယ်​​လေ။ ဒါက​တော့အမှတ်​တရ ပုံတူပန်းချီ​လေးလည်း ဆွဲရင်း လှူလိုက်​တယ်​ဆို​တော့ ကိုယ်​လိုချင်​တာ​ဘေးလည်းရတယ်​၊ လှူပြီးသား​လေးလည်း ဖြစ်​သွားတယ်​” လို့ လာ​ရောက်​လှူဒါန်းသူ မ​မေမြတ်​စံက ​ပြောပါတယ်​။ ပန်းချီဆရာတွေအ​နေနဲ့ လူထုဧရိယာဖြစ်​တဲ့ ကျုံး​ထောင့်မှာ သြဂုတ် ၁၂ ရက်​​နေ့ကစပြီး ၁၄ ရက်​​နေ့အထိ ​ရေးဆွဲသွားမှာလည်း ဖြစ်​တယ်​။ အခုလို​ ရေ​ဘေးသင့်ပြည်​သူ​တွေကို ရန်ပုံ​ငွေရှာပြီး လှူဒါန်းလာတာဟာ ပထမဆုံးနှစ်​ သိန်း ၁၅၀ ​ကျော်၊​ ဒုတိယနှစ်​က သိန်း ၁၀၀ ကျော် ​လှူဒါန်းခဲ့ပြီး အခုအကြိမ်​မှာလည်း ယခင်​နှစ်​​တွေကလို ​ရေ​ဘေးသင့်ပြည်​သူ​တွေရှိတဲ့ ​ဒေသ​တွေကို သွား​ရောက်​လှူဒါန်းမှာလည်း ဖြစ်​ပါတယ်​။
3 years Ago
Up