ရွှေသမင်

September 29, 2018

မျိုးသုဉ်း​လုနီး မြန်​မာ့ ​ရွှေသမင်​များ ထိန်းသိမ်းကာကွယ်​ရန် လိုအပ်

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံခရိုင်​ မြင်းခြံမြို့နယ်​ရှိ ယုန်​ထိုး​တောင်​​ပေါ်မှာ သဘာဝအတိုင်း​ပေါက်​ဖွားရှင်​သန်​​နေတဲ့ မြန်​မာ့ ရွှေသမင်​နဲ့​တောရိုင်းတိရစ္ဆာန်​တွေ မျိုးသုဉ်း​ ပျောက်​ကွယ်​မသွား​စေဖို့ အစိုးရအ​နေနဲ့ ထိန်းသိမ်းကာကွယ်​သွားဖို့ လိုအပ်​​နေတယ်​လို့ ယုန်​ထိုး​တောင်​ဆရာ​တော်​ အရှင်​​ခေမိန္ဒာစာရက မိန့်​ပါတယ်​။ "ဒီယုန်​ထိုး​တောင်​​ပေါ်မှာ သဘာဝအတိုင်း ​နေထိုင်​ကျက်​စား​နေတဲ့ မြန်​မာ့​ရွှေသမင်​၊ ယုန်​၊ ဂျီ စတဲ့ ​တောရိုင်း တိရစ္ဆာန်​​တွေ အများအပြားရှိတယ်​။ အနီးပတ်​ဝန်းကျင်​​ကျေးရွာရှိ ​တောလိုက်​မုဆိုး​တွေက ယာခင်း မီးရှို့တာ​တွေ၊ ​နွေရာသီဆိုရင်​ ​တောင်​ကိုမီးရှို့ပြီး ​တောရိုင်းတိရစ္ဆာန်​​တွေကို ဖမ်းဆီးတာ​တွေ၊ ​နှောင့်ယှက်​တာ​တွေ၊ အမဲလိုက်​တာ​တွေ လုပ်​​နေ​တော့ သဘာဝအတိုင်း​နေထိုင်​​နေတဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေ တဖြည်းဖြည်းနဲ့ ​မျိုးသုဉ်း​ပျောက်​ကွယ်​သွား​တော့မှာ၊ အထူးသဖြင့် ရှားပါး တိရိစ္ဆာန်​တမျိုးဖြစ်​တဲ့ မြန်​မာ့​ရွှေသမင်​​တွေကို အထူးကြပ်​မတ်​ပြီး ကာကွယ်​​ပေးဖို့ အစိုးရကို တိုက်​တွန်းချင်​ပါတယ်​။” သမင်​၊ ယုန်​၊ ဂျီ စတဲ့ ​တောရိုင်းတိရစ္ဆာန်​​တွေအတွက်​ ​ဘေးမဲ့ကြိုးဝိုင်းဖြစ်​​စေချင်​သလို ပူပြင်းတဲ့​ဒေသဖြစ်​တဲ့အတွက်​ သဘာဝပတ်​ဝန်းကျင်​ ကာကွယ်​​စောင့်​ရှောက်​ဖို့နဲ့ ​တောရိုင်းသစ်​ပင်​​တွေ ကာကွယ်​ဖို့က မီးမ​လောင်​​အောင်​၊ မီးမရှို့အောင်​ တားမြစ်​ကာကွယ်​​ပေးဖို့ အ​ရေးကြီးတယ်​လို့ ဆရာတော်က မိန့်ပါတယ်။ ယုန်​ထိုး​တောင်​​ဒေသ လူထုအ​ခြေပြု သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​စောင့်​ရှောက်​​ရေး​ကော်​မတီ ဥက္ကဋ္ဌ တိုင်း​ဒေသကြီး (၂) လွှတ်​​တော်​ကိုယ်​စာလှယ်​ ဦးခင်​​မောင်​​အေးက ယုန်​ထိုး​တောင်​ကို သဘာဝနယ်​​မြေတခု ဖြစ်​​ပေါ်နိုင်​ဖို့၊ ​တောရိုင်းတိရစ္ဆာန်​​တွေကို ထိန်းသိမ်းကာကွယ်​ဖို့  ဌာနဆိုင်​ရာ​တွေနဲ့ ပြည်​တွင်း/ ပြည်​ပ ပတ်​ဝန်းကျင်​ အဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​​သွားမယ်​လို့ ပြောပါတယ်။ မြန်​မာ့​ရွှေသမင်​​တွေကို စစ်​ကိုင်းတိုင်း ချပ်​သင်း​ဘေးမဲ့​တော၊ မ​ကွေးတိုင်း ​ရွှေစက်​​တော်​​ဘေးမဲ့​တောနဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်​အတွင်းရှိ က္ကုကဲ​တောင်​၊ ယုန်​ထိုး​တောင်​၊ မင်းစုံ​တောင်​၊ ပုပ္ပါး​တောင်​​တွေမှာ ​တွေ့ရှိရပါတယ်။ မြန်​မာနိုင်​ငံမှာ မြန်​မာ့​ရွှေသမင်​ကို ဥပ​ဒေနဲ့ ကာကွယ်​ထား​သော သဘာဝမျိုးရင်းလည်း ဖြစ်​ပါတယ်​။ နိုင်​ငံတကာ သဘာဝထိန်းသိမ်း​ရေးအဖွဲ့အစည်း (IUCN) က စစ်​တမ်း​ကောက်​ယူပြီး မြန်​မာ့​ရွှေသမင်​​​တွေဟာ မျိုးသုဉ်းအန္တရာယ်ရှိ​ကြောင်း ထုတ်ပြန်ထားတယ်​လို့လည်း သိရပါတယ်​။ မြင်းခြံမြို့နယ်​ရှိ ယုန်​ထိုး​တောင်​ဟာ အကျယ်​ဧရိယာ ၅ဝဝဝ ​ကျော်​ ဧကလောက်ရှိပြီး၊ အမြင့်ပေ ၂၅ဝဝ ​ပေ ရှိကာ သဘာဝ​တောရိုင်းသစ်​ပင်​တွေ အများအပြား ​ပေါက်​​ရောက်​​ပေမယ့် နှစ်​စဉ်​နှစ်​တိုင်း မီးရှို့ဖျက်​ဆီးတာ​တွေ ခံ​နေရတယ်​လို့လည်း ယုန်​ထိုး​တောင်​ဆရာ​တော်​က မိန့်​ပါတယ်​။ သတင်း-ရီရီထွန်း ( မြင်းခြံ ) ဓာတ်​ပုံ-ယုန်​ထိုး​တောင်​ဆရာ​တော်
3 years Ago
Up