ရွှေတိဂုံ​ဂေါပက၏ တင်​ဒါစည်းမျဉ်းပြောင်းလဲပေး​ရန် ရွှေဆိုင်းလုပ်သားများ ဆန္ဒပြတောင်းဆို

July 10, 2018

ရွှေတိဂုံ​ဂေါပက၏ တင်​ဒါစည်းမျဉ်းပြောင်းလဲပေး​ရန် ရွှေဆိုင်းလုပ်သားများ ဆန္ဒပြတောင်းဆို

ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်းစည်းကမ်းတွေ ​ပြောင်းလဲပေး​ဖို့ မန္တ​လေး မြန်​မာ့လက်​မှု ရွှေဆိုင်းလုပ်​ငန်း အလုပ်​သမားတွေက ဒီကနေ့ မနက် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်။ ​ရွှေတိဂုံ​ဂေါပကအဖွဲ့က ထုတ်​ပြန်​ခဲ့တဲ့တင်​ဒါစည်းကမ်းချက်​​တွေ​ကြောင့် ကမ္ဘာက အသိအမှတ်​ပြုခံထားရတဲ့ မြန်​မာ့လက်​မှု​ ရွှေဆိုင်းလက်​မှုပညာ​တွေ ​ပျောက်​ကုန်​ပြီး လုပ်​ကိုင်​​နေသူ​တွေရဲ့ ဘဝရပ်​တည်​မှုခက်​ခဲလာလို့ မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်​၊ မျက်​ပါးရပ်​ကွက်​မှာ မြန်​မာ့ လက်​မှု ရွှေဆိုင်း လုပ်​ကိုင်​​နေကြတဲ့​ ရွှေဆိုင်းလုပ်​သား​တွေက ဆန္ဒပြကြတာ ဦး​ဆောင်​သူ ကို​ဇော်​မင်း​အောင်​က​ ပြောပါတယ်​။ ဆန္ဒပြသူတွေဟာ အလုပ်​အခွင့်အလမ်းတွေမ​ပျောက်​​ရေး၊ မြန်​မာ့လက်​မူ ​ရွှေဆိုင်းလုပ်​ငန်း အစဉ်​တည်​တံ့ ​ရေး၊ ​ရွှေတိဂုံ​စေတီ​တော်​​ဂေါပကအဖွဲ့ရဲ့ တင်​ဒါစည်းမျဉ်း စည်းကမ်းတွေ ပြောင်းလည်း​ပေး​ရေး၊ မြန်​မာ့လက်​မူ အနုပညာလုပ်​ငန်းတွေကို ကူညီအား​ပေး အသိမှတ်​ပြုထိန်းသိမ်း​ရေး၊​ ရွှေသင်္ကန်းကပ်​လှူရာမှာ ​ရွှေတိဂုံ​ဂေါပကအ​နေနဲ့ လက်မှု ရွှေဆိုင်းတွေကို အသုံးပြု​ရေး စတောတွေကို ဆန္ဒပြသမားတွေက ​​ကြွေး​ကျော်တောင်းဆို ​ခဲ့ကြပါတယ်​။ ​ရွှေကျော်ေ​ရွှခပ်​ပညာရှင် ​ကိုချမ်းငြိမ်း​အောင်​က “​ကမ္ဘာ့က အသိမှတ်​ပြုခံထားရ ​လောက်​​ အောင်​ တန်​ဖိုးရှိတဲ့ မြန်​မာ့လက်​မှု ပညာရပ်​ကြီး​ ပျောက်​ပျက်​သွားမှာဖြစ်​သလို ကျ​နော်​တို့ လက်​မှုပညာနဲ့ လုပ်​စား​နေကြတဲ့ လက်​မှုလုပ်​ငန်းလုပ်​ကိုင်​​နေကြတဲ့ ကျ​နော်​တို့ဘဝ​တွေ အကုန်​ထိခိုက်​ခံခဲ့ရတယ်​။ ဒုက္ခ​တွေလည်း ခံကြရ​တော့မယ်​။ အဲဒါ​ကြောင့် တင်​ဒါ​ပေးကြတဲ့ သက်​ဆိုင်​ရာ​ ဂေါပကအ​နေနဲ့ တင်​ဒါကို ပြင်​​ပေး​စေချင်​တယ်​”လို့ ​ပြောပါတယ်​။ ​မိဘအ​မွေအနှစ်​ကို ဆက်​လက်​လုပ်​ကိုင်​လာခဲ့ကြတဲ့ ​ရွှေခပ်​လုပ်​ငန်း၊ ​ရွှေဆိုင်း၊ ဝါးစက္ကူ၊ ​ရွှေ​လှောင်​စက္ကူစတဲ့ လုပ်ငန်းလုပ်​ကိုင်​ကြတဲ့ အလုပ်​သမား ၁၅၀လောက်က မန္တ​လေး မျက်​ပါးရပ်​မှာ လှည့်လည်​ဆန္ဒထုတ်​​ဖော်​ခဲ့ပြီး ၆၂လမ်း မဟာ​အောင်​​မြေမြို့နယ်​ ပြည်​သူ့ဟစ်​တိုင်​ကွင်းမှာ ဆက်​လက်​​ကြွေး​ကျော်​ခဲ့ကြပါတယ်။ အရင်​​ခေတ်​အဆက်​ဆက် ​မြန်​မာ့လက်​မှုရွှေဆိုင်းနဲ့ ​ရွှေသင်္ကန်းကပ်​လှူခဲ့ကြ​ပေမယ့် ၂၀၁၄ ခုနှစ်​ကစပြီိး စက်​နဲ့ထုတ်​လုပ်​တဲ့ စက်​​ရွှေကို အဓိကထားသုံးစွဲခွင့်ပြုခဲ့သလို တင်​ဒါစည်း အရလည်း စက်​​ရွှေကို အသုံးပြုနိုင်​ဖို့​ ဦးစား​ပေးထားတဲ့ဥပ​ဒေကိုပြင်​စဉ်​​ပေးဖို့ အဲဒီလို စက်​​ရွှေကိုဘဲ သုံးစွဲသွားခဲ့ရင်​မြန်​မာ့ လက်​မှုပညာရပ်​​တွေဖြစ်​တဲ့ ​ရွှေခပ်​ပညာ​တွေ​ပျောက်​ဆုံးကုန်​​တော့မှာဖြစ်​တာ​ကြောင့် ရွှေတိဂုံ​ဂေါကပကို ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။
3 years Ago
Up