ရှေး​ဟောင်း​ဘုရား​စေတီ​တော်​ငယ်အချို့ တွေ့ရှိ

June 5, 2017

မြင်းခြံမြို့နယ်​တွင်​ ​ရှေး​ဟောင်း​ဘုရား​စေတီ​တော်​ငယ်အချို့ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂျုပ်ပင်ကျေးရွာရှိ ငါးဆောင်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ဇွန်လ ၂ ရက်နေ့က သစ်ပင် ရှင်းလင်းဖယ်ရှားရာက ရှေးဟောင်းဘုရားစေတီတော်ငယ်အချို့ တွေ့ရှိခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။ ကျောင်းထိုင်ဆရာတော် ဥူးဇာဂရက “ဒီ ဆင်းတုတော်တွေက ရှေးဟောင်းဘုရားတွေလို့ ပြောလို့ရပါတယ်။ ဘယ်နှခုနှစ်တွေဆိုတာတော့ အတိအကျ ပြောလို့မရပါဘူး။ ရှေးဟောင်း ဘုရားတွေ ဆိုတာက သေချာပါတယ်။ ကျောင်းမှာပဲ သေချာပြင်ဆင်ပြီး အများပြည်သူတွေကို ဖူးမျှော်စေမှာပါ။ စေတီတော်တွေကိုတော့ သေချာစိစစ်ရဦးမှာပါ”လို့ ပြောပါတယ်။ ကိုရင်ကြီး သုစိတ္တက ဘုန်းကြီးကျောင်းဝင်းထဲက စေတီဟောင်းနားမှာ သစ်ပင်ပေါင်းပင်တွေ ရှင်းလင်းဖယ်ရှားရာကနေ တွေ့ရှိတာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်းဘုရားစေတီလို့ ယူဆရပြီး ဘုရားဆင်းတုတော် အပါအဝင် စေတီ ၉ မျိုး၊ ဓာတ်တော်တွေ လက်စွပ်ကွင်းတချို့နဲ့ ကျောက်တွေ၊ ဆွေးမြည့်နေတဲ့ ပေပုရပိုက်လို့ ယူဆရတဲ့ စာပေတွေ တွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ ဂျပ်ခုပ်ရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကပါ ရှေးဟောင်းဘုရားဆင်းတုတော် တွေကို လာရောက်ဖူးမြော်နေကြပါတယ်။ သတင်း -  ရီရီထွန်း(မြင်းခြံ)
4 years Ago
Up