ရေနံ​ချောင်း

February 28, 2019

ရေနံ​ချောင်းဒီဂရီ ကောလိပ်​တွင် ​ ​ကျောင်းတွင်းသင်္ကြန်​ပွဲဆင်နွှဲ

မ​ကွေးတိုင်း​ဒေသကြီး၊ ​ရေနံ​ချောင်း ဒီဂရီ​ကောလိပ်​မှာ မဟာသင်္ကြန်​အကြို ပွဲ​တော်​အ​နေနဲ့ ​ကျောင်းတွင်း သင်္ကြန်​ပွဲကို ဒီကနေ့ ကျင်းပနေရာမှာ ထောင်နဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေ  ပျော်ရွှင်စွာ ရေကစားနေကြပါတယ်။ ​ရေနံ​ချောင်း ကောလိပ်​ နောက်ဆုံးနှစ်ကျောင်းသား ကိုစည်​သူမော်​က “သိပ်​မကြာခင်​မှာပဲ စာ​မေးပွဲ​တွေက ​ဖြေရ​တော့မှာဆို​တော့ အခုလို ပွဲလုပ်​ရတာ ​ကျောင်းသား​ကျောင်းသူတွေကို Relax ဖြစ်​​စေပါတယ်​။  အားလုံး​ပေါ့ပါးလန်းဆန်းသွားတယ်​။ အရမ်းလည်း ​ပျော်​စရာ​ကောင်းပါတယ်​။ ရေနံ​ချောင်းက ဒီဂရီ​ကောလိပ်​အဖြစ်​နဲ့ ​နေလာခဲ့တာ နှစ်​​ပေါင်း ၄၀ ​ကျော်​ရှိပြီ တခြားတက္ကသိုလ်​​တွေ တန်းတူ ဒီ​ကျောင်းကြီးကလည်း ကြီးကြီးကျယ်​ကျယ်​ ခမ်းခမ်းနားနား လုပ်​နိုင်​တယ်​ဆိုတာ​လေးကို ပြချင်​တာပါ” လို့​ပြောပါတယ်​။ ရေနံချောင်း ကောလိပ်မှာ ကျောင်းတွင်းသင်္ကြန်​ကျင်းပတာ အခုနှစ်​ဆိုရင်​ နှစ်​ကြိမ်​ ရှိ​နေပြီး ဘာသာရပ်​​ပေါင်းစုံ စတုဒီသာ ရိုးရာမုန့်​တွေ ​ကျွေး​မွေးကာ မနက်ပိုင်းမှာ ဖွင့်​လှစ်​ခဲ့ပြီး ​မွန်းလွဲပိုင်းမှာ ရေ​လောင်းပွဲ ပြုလုပ်​ကြတာပါ။ သင်္ကြန်အကြိုပွဲကို ​ကောလိပ်​ကျောင်းမှာ တက်ရောက်ပညာသင်ယူနေကြတဲ့  အနယ်​နယ်​အရပ်​ရပ်​က ​ကျောင်းသား​ကျောင်းသူ ၂၅၀၀ လောက် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ကိုလင်း(​ချောက်​)
2 years Ago
Up