မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ ဝေဒနာရှင်​က​လေး​များကို အခမဲ့ခွဲစိတ်ပေး

March 25, 2019

မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ ဝေဒနာရှင်​က​လေး​များကို အခမဲ့ခွဲစိတ်ပေး

မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ဝေဒနာရှင်​က​လေး​တွေ လှပတဲ့အပြုံးပိုင်ရှင်​ဖြစ်​ဖို့ smile asia medical tream နဲ့ က​မ္ဘောဇ အလင်းတန်းမြန်​မာ​ဖောင်​​ဒေးရှင်းတို့ ပူး​ပေါင်းပြီး ​တောင်​ကြီးမြို့ အမျိုးသမီး နဲ့က ​လေး​ဆေးရုံမှာ အခမဲ့ ခွဲစိတ်​ကုသ​ပေး​နေပါတယ်။ မြန်​မာနိုင်​ငံဆရာဝန်​​တွေ အပါအဝင်​ နိုင်​ငံတကာ ကျွမ်းကျင်​ ဆရာဝန်​​တွေနဲ့ မတ်​လ ၂၄ ရက်​​နေ့မှ ၃၀ ရက်​​နေ့အထိ ခွဲစိတ်​ကုသ​ပေးသွားတယ်လို့ Smile Asia project တာဝန်​ခံ မယမင်းရွှေရည်က ပြောပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လာရောက်ကုသတဲ့ ​ဝေဒနာရှင်​အတွက်​ အသွားအပြန်စရိတ်​အပြင် နေစရာနေရာ စောင်၊ အခင်း၊ ခေါင်းအုံး၊ ခြင်ထောင်​​တွေလည်း စီစဉ်ပေးကာ ထမင်းဟင်း​တွေအပြည်​အစုံ စီစဉ်ပေးထားတယ်လို့ ရွာငံမြို့နေ ဝေဒနာရှင်ကလေးငယ်ရဲ့ ဖခင် ဦးအောင်စိုးက ပြောပါတယ်။ အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊ ဒိန်းမတ်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတွေ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၅ ဦး၊ အမျိုးသမီး နဲ့ က​လေး​ဆေးရုံကြီးက သူနာပြု၊ ဆရာဝန်​​တွေက ကုသ​ပေးနေတာလို့ မယမင်းရွှေရည်က ပြောပါတယ်။ နှုတ်​ခမ်းကွဲက​လေးကို အသက်​ ၅ လ အထက်​မှ ခွဲစိတ်​ကုသနိုင်​သလို အာ​ခေါင်​ကွဲက​လေး​တွေက အသက်​ ၁ နှစ်​အထက်​မှ ခွဲစိတ်​ကုသလို့ ရတယ်​လို့ ဆိုပါတယ်​။ Smile asia အစီအစဉ်​နဲ့ နှုတ်​ခမ်းကွဲ၊ အာ​ခေါင်​ကွဲ၊ ​ဝေဒနာရှင်တွေအား ​အခမဲ့ ခွဲစိတ်​ကုသမှုကို ရန်​ကုန်​ နဲ့ ​တောင်​ကြီးမှာ ၅ ကြိမ် ဝေဒနာရှင် စုစုပေါင်း ၄၄၉ ဦးကို ကုသပေး ခဲ့ပြီး ဖြစ်ပါတယ်​။ အခု ၆ ကြိမ်​​မြောက်​ နှုတ်​ခမ်းကွဲ၊ အာ​ခေါင်​ကွဲ၊ ​ဝေဒနာရှင်တွေအား ​အခမဲ့ ခွဲစိတ်​ကုသမှုမှာ စာရင်း​ပေးသွင်းသူ ၁၀၀ ​ကျော်​ရှိပြီး လက်​ရှိလူနာရှင်​ ၇၀ ကျော်​ရှိတယ်​လို့ သိရပါတယ်​။ နေပြည်​​တော်​မှာလည်း ဆက်​လက်​ကုခွဲစိတ်​ကုသဖို့ အစီအစဉ်​ ရှိတယ်​လို့ သိရပါတယ်​။
3 years Ago
Up