မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်ရေး ၀န်ကြီးချုပ်များရခိုင်ပြည်နယ်သွားရောက်

December 17, 2017

မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်ရေး ၀န်ကြီးချုပ်များရခိုင်ပြည်နယ်သွားရောက်

  ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်​​ရေးအတွက်​ ပြည်​နယ်​နဲ့ တိုင်း ၆ ခုက ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မောင်တောမြို့ကို ဒီနေ့ မနက်ပိုင်းက စစ်တွေမြို့မှတဆင့် ထွက်ခွာသွားပါတယ်။ ပြည်​နယ်​နဲ့တိုင်း ၆ ခုတို့မှ အစိုးရအဖွဲ့ ဝန်​ကြီးချုပ်​တွေနဲ့ အစိုးရအဖွဲ့ဝင်​ဝန်​ကြီးတွေ တာဝန်​ရှိသူတွေဟာ​ ​​မောင်​​တော​ဒေသသို့ သွား​ရောက်​ပြီး အိမ်​ရာနဲ့ စာသင်​​ကျောင်းတွေ တည်​​ဆောက်​​ပေးနိုင်​​ဖို့​ စစ်တွေမြို့ ဒီဇင်​ဘာလ ၁၆ ရက်​​နေ့က​ ရောက်ရှိခဲ့ကြတာပါ။ ​မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်​​ရေးအတွက်​ ​ရောက်​ရှိလာတဲ့ မန္တ​လေးတိုင်း​ ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​ဇော်​မြင့်​​မောင်​၊ မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ အောင်​မိုးညို၊ စစ်​ကိုင်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်​၊ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​၊ ကချင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ခက်​​အောင်​၊ ချင်းပြည်​နယ်​ဝန်​ကြီးချုပ်​ ဆလိုင်း လျန်​လွယ်​၊ အစိုးရအဖွဲ့ဝင်​ဝန်​ကြီးတွေနဲ့ တာဝန်​ရှိသူတွေဟာ  ဒီနေ့ မနက်ပိုင်းက ​မောင်​​တော​ဒေသသို့ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ-ဦးညီပု
4 years Ago
Up