မောင်​​တော​တွင်​ အိန္ဒိယ-မြန်​မာ ချစ်​ကြည်​​ရေးစီမံကိန်း စတင်​အ​ကောင်​အထည်​​ဖော်

A d v e r t i s e m e n t With Us

July 10, 2019

မောင်​​တော​တွင်​ အိန္ဒိယ-မြန်​မာ ချစ်​ကြည်​​ရေးစီမံကိန်း စတင်​အ​ကောင်​အထည်​​ဖော်

ရခိုင်​​ပြည်နယ်၊ မောင်တောဒေသမှာ အိန္ဒိယ-မြန်​မာ နှစ်နိုင်ငံ ချစ်​ကြည်​​ရေးစီမံကိန်းအဖြစ် လူမှုစီးပွားဖွံ့ဖြိုး​ရေးလုပ်ငန်းတွေ  စတင်​အ​ကောင်​အထည်​​ဖော်​​နေပြီဖြစ်​ပါတယ်​။ အဆိုပါစီမံကိန်း စတင်​မှုအဖြစ်​ ​မောင်​​တောဒေသမှာ​ ​ရခိုင်​၊ မွတ်​ဆလင်​နဲ့ ဟိန္ဒူတွေ အတွက်​ အိန္ဒိယအစိုးရက လူ​နေအိမ်​ ၂၅၀ လုံးကို စတင်​​ဆောက်​လုပ် လှူဒါန်းခဲ့တယ်လို့ မြန်​မာနိုင်​ငံဆိုင်​ရာ အိန္ဒိသံအမတ်​ကြီး ဆူရတ်ဘ်ကူးမားက​ ပြောပါတယ်​။ နေအိမ်​တွေ လွှဲ​ပြောင်း​ပေးတဲ့အခမ်းအနားကို ဇူလိုင်​လ ၉ ရက်​​ မနက်​က ​မောင်​​တောမြို့ ​အောင်​ဗလ​ကျေးရွာအနီးရှိ ဟိန္ဒူနေအိမ်​တွေအနီးမှာ ပြုလုပ်​ခဲ့ပါတယ်​။ အိန္ဒိယနိုင်ငံအစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ၅ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း သုံးစွဲသွားဖို့ မြန်​မာအစိုးရနဲ့ သ​ဘောတူ လက်​မှတ်​​ရေးထိုးထားပြီး ဖြစ်​တယ်​လို့ အိန္ဒိယသံအမတ်​ကြီးက ပြောပါတယ်​။ လူမှုဝန်ထမ်းကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာ ချထား​ရေးဝန်​ကြီး ဒေါက်​တာဝင်းမြ​တ် အေးက “မြန်​မာ-အိန္ဒိယ ချစ်​ကြည်​​ရေးစီမံကိန်းအဖြစ်​ ရခိုင်​​ဒေသလူမှု စီးပွားဖွံ့ဖြိုး​ရေးအတွက်​ လုပ်​​ဆောင်​သွားမှာဖြစ်​ပါတယ်​။ ဒီ​ဒေသရဲ့ လမ်းပန်းဆက်​သွယ်​​ရေး၊ စိုက်​ပျိုး​ရေး၊ လျှပ်​စစ်​မီး ရရှိ​ရေး​တွေအတွက်​ အဓိကထားပြီး လုပ်​​ဆောင်​သွားမှာ ဖြစ်​ပါတယ်​”လို့ ပြောပါတယ်​။  ၂၀၁၇ အကြမ်းဖက်​ဖြစ်​စဉ်​တွေအပြီး ​မောင်​​တော​ဒေသပြန်​လည်​တည်​​ထောင်​​ရေး အတွက်​ အိန္ဒိယအစိုးရက ​မောင်​​တော​မြို့နယ်​၊ ရွှေစား​ကျေးရွာမှာ​ ဟိန္ဒူတွေအတွက်​ လူ​နေအိမ်​ ၁၄၈လုံး၊ နံသာ​တောင်​​ကျေးရွာမှာ ရခိုင်​တွေအတွက်​ လူ​နေအိမ်​ ၄၂ လုံးနဲ့ ကြိမ်​​ချောင်း​တောင်ကျေးရွာမှာ ပြန်​လည်​၀င်​​ရောက်​လာမယ့် ဘင်္ဂါလီတွေအတွက် အိမ်​​ခြေ ၁၆၀ လုံးတို့ကို ဆောက်​လုပ်​ လှူဒါန်းထားပါတယ်​။ သတင်း- ​​ကောင်း​ကောင်း
2 years Ago
Up