ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ချက်​ချင်းလွှတ်​​ပေးရန် ဆန္ဒပြ

January 29, 2018

ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကိုရုံးထုတ်​၊ မိသားစု​များ တွေ့ခွင့်​မရ

  နိုင်​ငံ​တော်​အကြည်​အညိုပျက်​​စေမှု၊ မတရားသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲခံထားရတဲ့  ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီက​နေ့ ရ​သေ့​တောင်​မှာ ပထမဆုံးအကြိမ် ရုံးထုတ်​စစ်​​ဆေးခဲ့​ပေမယ့် မိသားစုဝင်​တွေ​နဲ့တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​ ဒီက​နေ့ မနက် ​၁၀ နာရီခွဲမှာ ရ​သေ့​တောင်​မြို့နယ်​တရားရုံးမှာ ရုံးထုတ်​စစ်​​ဆေးခဲ့တာ ဖြစ်​ပါတယ်​။ ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​ အခုလို​တွေ့ခွင့်​မရတဲ့အ​ပေါ်​ စာ​​ရေးဆရာဝေဟင်​​အောင်​​ရဲ့ အကိုဖြစ်​သူက ဦးသိန်းဝင်းက "အခုလို​တွေ့ခွင့်​မရ​တော့ စိတ်​မ​ကောင်း​တော်​​တော်​ဖြစ်​ပါတယ်​။ ဒီလို​ခေတ်​မျိုးမှာ အခုလို ​တွေ့ခွင့်မရတာ​တော့ မဖြစ်​သင့်ဘူး။ မီဒီယာ​တွေလည်း​ သတင်းယူခွင့် မရကြဘူး။ မိသားစုဝင်​​တွေနဲ့​ တွေ့ခွင့်​ပေး ​စေချင်​တယ်​လို့​ပြောပါတယ်​။ အာဏာပိုင်​​တွေက​တော့ လုံခြုံ​ရေးအ​ခြေအ​နေအရ သူတို့​တွေနဲ့ ​တွေ့ခွင့်​မ​ပေးတာလို့ ဆိုပါတယ်​။ ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​တော့ လာမယ်​​ဖေ​ဖော်​ဝါရီ ၉ ရက်​​နေ့မှာ ရုံးထုတ်​ခွင့်​တောင်းဆိုထားတယ်​လို့ အကျိုး​ဆောင်​လိုက်​ပါ​ဆောင်​ရွက်​​ပေးတဲ့ ​​ရှေ့​နေ​ဒေါ်​အေးနုစိန်​က မီဒီယာ​တွေကို​ပြောပါတယ်​။ ရ​သေ့​တောင်​မြို့မှာ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီနေ့ ပထမဦးဆုံးအကြိမ် ​ရုံးထုတ်​စစ်​​ဆေးခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်​ဖွဲ့ဝင်​​တွေ အ​မြောက်​အမြား ချထားပါတယ်​။ ရ​သေ့​တောင်​တမြို့လုံး နေရာ​တော်​များများမှာ လုံခြုံ​ရေးတပ်​ဖွဲဝင်​​တွေ တင်းကျပ် ချထားပြီး သတ်​မှတ်​​နေရာတချို့ကို ဝင်​ခွင့်မ​ပေးပါဘူး။ ဒါ့အပြင်​ ချောင်းတစ်ဖက်ရ​သေ့​တောင်​ ပြားချောင်းကြီး ကူးတို့လှေကိုလည်း လုံခြုံရေး တင်းကျပ်​စွာချထားပြီး ပိတ်ထားပါတယ်​။ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး ဟောပြောသူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ​စာ​ပေ​ဟော​ပြောပွဲစီစဉ်​သူ ​နီဘုန်းသန်း​ဝေတို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နိုင်​ငံ​တော်​အကြည်​အညိုပျက်​​စေမှု ၅၀၅(ခ) (ဂ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
3 years Ago

January 28, 2018

ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ချက်​ချင်းလွှတ်​​ပေးရန် ဆန္ဒပြ

  အမ်းလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ချက်​ချင်းလွှတ်​​ပေးဖို့ ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့ ဒေသခံ​တွေက လမ်း​လျှောက်​ဆန္ဒ ထုတ်​​ဖော်​ခဲ့ကြပါတယ်​။ ဒီဆန္ဒထုတ်​​ဖော်​မှုကို ​ကျောက်​​တော်​သာသနာဗိမာန်​မှာ စတင်​စု​ဝေးခဲ့ပြီး နေ့လယ် ​၁ နာရီမှာ​တော့ မြို့ပတ်​လမ်း​လျှောက် ​ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။ ဆန္ဒထုတ်​​ဖော်​ရာမှာ ဦး​ဆောင်​သူတဦးဖြစ်​တဲ့ ဦး​ကျော်​လှမြင့်က “ဒေါက်​တာ​အေး​မောင်​နဲ့ ဦးဝေဟင်​​အောင်​တို့ ချက်​ချင်းလွှတ်​​ပေးပါ။ ဒီလိုမတရားဖိနှိပ်​ပြီး ဖမ်းဆီးတာ​တော့ လုံးဝ မတရားပါဘူး။ ​နောက်​ပြီး​တော့ ​မြောက်​ဦးကိစ္စမှာ အရပ်​သား​တွေကို ​သေနတ်​ပစ်​ခတ်​မှု​ အမှုမှန်​​တွေ ချက်​ချင်း​ဖော်​ထုတ်​​ပေးဖို့ လိုတယ်​။ ​ဒီဖြစ်​စဉ်​မှာ ပါဝင်​ရဲတပ်​ဖွဲ့​တွေ ပါဝင်​ပစ်​ခတ်​မှု ကိုလည်း အ​ရေးယူ​ပေးဖို့လိုတယ်​" လို့ ​ပြောပါတယ်​။ ဒီမိုက​ရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိ​ရေး ​မြောက်​ဦး အကြမ်းဖက်​သတ်​ဖြတ်​ ဖြိုခွင်းမူအား ရှုတ်​ချသည်​ ​မြောက်​ဦးအကြမ်းဖက်​ငတ်​ဖြတ်​မှု​အား ထိ​ရောက်​စွာ အ​ရေးယူ​ပေး​ရေး၊ ​ဒေါက်​တာ​အေး​မောင်​အား အမြန်​ဆုံးပြန်​လွှတ်​​ပေး​ရေး စာ​ရေးဆရာ​ဝေဟင်​​အောင်​အား အမြန်​ဆုံး လွှတ်​​ပေး​ရေး ​မြောက်​ဦးအ​ရေးအခင်းနဲ့ လူငယ်​​တွေကို ဖမ်းဆီးခြင်းကို ချက်​ချင်း​ရေး ရပ်​​ပေးဖို့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်​မှု အ​လေးထားလျှင်​ ရခိုင်​ပြည်​သူ​တောင်းဆိုမှုကို အစိုးရမှ လိုက်​နာပါစတဲ့ ​ကြွေး​ကြော်​သံ​တွေအတူ ပိုစတာ ဗွီနိုင်း​တွေ ကိုင်​​ဆောင်​ပြီး ဆန္ဒပြကြတာ ဖြစ်​ပါတယ်​။ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာပေဟောပြောပွဲ ကျင်းပခွင့်မရတာကို အကြောင်းပြုပြီး လူစုလူဝေးနဲ့ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင်​ မြောက်ဦးပဋိပက္ခမှာ အရပ်သားတွေ ပစ်ခတ်ခံရမှု အစိုးရက ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးဖို့ စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် ၅ ဦးကို စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ထားပါ​သေးတယ်။ ဒီက​နေ့ ဆန္ဒထုတ်​​ဖော်​မှုကိုအာဏာပိုင်​​တွေက ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်​​ဖော်​တာဖြစ်​ပါတယ်​။ သတင်း - ၀ဏ္ဏခွာညို
3 years Ago
Up