တောင်​ငူမြို့နယ်တွင်  ​တပ်မတော်စစ်​လေယာဉ်​၁ စီးပျက်​ကျ

April 3, 2018

တောင်​ငူမြို့နယ်တွင် ​တပ်မတော်စစ်​လေယာဉ်​ ၁ စီးပျက်​ကျ

ပဲခူးတိုင်းဒေသကြီး ​တောင်​ငူမြို့နယ်​ ကျွန်းကုန်း​ကျေးရွာအနီး  တပ်မတော် စစ်လေယာဉ်​ Myanmar Air Force Chengdu F-7M တစီး ဒီကနေ့မနက်က  ပျက်​ကျသွားပါတယ်။ ​တောင်​ငူမြို့နယ်​ကျွန်းကုန်းနယ်​​မြေမှာ ဒီက​နေ့ မနက် ​၁၁ နာရီဝန်းကျင်​က ​တောင်​ငူ​လေတပ်​စခန်​က အ​မောင်းသင်​​လေယာဉ်​တစီးလေ့ကျင့်ပျံသန်းရင်း ပျက်​ကျခဲ့တယ်​လို့ သိရပါတယ်​။ လေယာဉ်ပျက်ကျရာနေရာကို ရောက်နေတဲ့ ကျွန်းချောင်း ရဲစခန်းမှူး ဒုရဲအုပ် တိုးဝေကျော်က“လေ့ကျင့်ရေး လေယာဉ်ပါ။ တယောက်ပဲပါတယ်။ အခုတော့ ဆေးရုံပို့ထားပါတယ်။ အခြေအနေတော့မသိရပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်ကလည်း  ဗိုလ်မှူးကောင်းထိုက်နဲ့ ဗိုလ်ကြီးသော်ဇင်စိုးတို့ လိုက်ပါခဲ့တဲ့ တပ်မတော်    G – 4 ဂျက်လေယာဉ်ဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျပျောက်ဆုံးသွားပြီး ရခိုင်ပြည်နယ် ဂွမြို့နဲ့ ၁၂ မိုင်အကွာ တောင် ၂ လုံးကြားမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ၂၀၁၆ မတ်လ ၇ ရက်ကလည်း တပ်မတော်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းလေ့ကျင့်ခန်း ဆောင်ရွက်ဖို့ တောင်ငူလေတပ်စခန်းဌာနချုပ်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ရာမှာ လေယာဉ်တစီး ပြေးလမ်းမီးတိုင်တွေကို တိုက်မိပြီး ရပ်တန့်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ - သားကြီး (တောင်ငူ)
3 years Ago
Up