ချောက်​မြို့နယ်​အတွင်း ကျေးရွာများတွင် ​သောက်​​ရေ ခက်​ခဲ​နေ

April 24, 2019

ချောက်​မြို့နယ်​အတွင်း ကျေးရွာများတွင် ​သောက်​​ရေ ခက်​ခဲ​နေ

မကွေးတိုင်း၊ ချောက်မြို့နဲ့ ၁၀ မိုင်လောက်အဝေးရှိ ဆင်ကကျေးရွာအုပ်စု ဝရကုန်းကျေးရွာမှာ ဒေသခံရွာသားတွေ သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။ ဝရကုန်း​ကျေးရွာမှာ အိမ်​​ခြေ ၉၆ အိမ်​၊ လူဦး​ရေ ၄၆၀လောက်ရှိပြီး  နွေရာသီအချိန်ရောက်တိုင်း ၃ မိုင်ဝေးတဲ့ မိုလာကျေးရွာကနေ ရေတစည်ကို ကျပ်  ၁၅၀၀ နှုန်းနဲ့ ၀ယ်ယူ သုံးစွဲနေရတာဖြစ်ပါတယ်​။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဆောင်က “စက်ရေတွင်းတော့ရှိတယ်။ တစ်နာရီကို ၁၄ စည်၊ ၁၅ စည်လောက်ပဲထွက်တယ်။ ရေ အမျိုးအစားက သောက်လို့မရဘူး။ သုံးလို့တော့ရတယ်။ ရေက ငံတာလည်းပါတယ်။ ခါးလည်းခါးတယ်”လို့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသန်း​ဆောင်​ က​ပြောပါတယ်​။ ဧပြီ ၂၃ ရက်မနက်က ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း ဦးဆောင်တဲ့ ရဲတပ်ဖွဲဝင်တွေက သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ အဆိုပါ​ကျေးရွာကို ၂၀ လီတာဆန့် ရေသန့်ဘူးကြီး ၁၀၀နဲ့ ရေဘောက်ဆာကား ၂ စီး  ရေဂါလံ ၆၈၀၀ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ရဲမှူးသိန်းဌေးဝင်းက “ဆင်ကကျေးရွာအုပ်စု ဝရကုန်းကျေးရွာက ချောက်မြို့နယ်ထဲမှာ ရေအရှားဆုံးရွာပေါ့။ စက် ရေတွင်းတော့ရှိတယ်။ ရေငန်ထွက်တယ်။''လို့ ပြောပါတယ်​။ မီးသတ်ဦးစီးဌာနက အခုနှစ် နွေရာသီအချိန် ဧပြီလအတွင်း သောက်သုံးရေ အခက်အခဲ ဖြစ်နေတဲ့ ညောင်ပင်သာကျေးရွာ၊ ကန်သာကျေးရွာ၊ ပြည့်ပင်ကျေးရွာနဲ့ ကုန်းရွာတို့ကို ရေသန့်ဘူးကြီးတွေနဲ့ ရေဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်နဲ့ တပတ်ကိုတကြိမ်နှုန်း သွားရောက် လှူဒါန်းနေတယ်လို့​ မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်က​ပြောပါတယ်​။ သတင်း-​ကိုလင်း(​ချောက်​)
2 years Ago
Up