ချောက်​မြို့​မ​ဈေး

July 13, 2018

ချောက်​မြို့​မ​ဈေး အ​ဆောင်​ပြင်​ဆင်​မှု​ ဝန်​ကြီး ညှိနှိုင်းပေးသော်လည်း ပြေလည်မှုမရ

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မ ​ဈေးအတွင်း စဥ့်ကူ​တန်းအ​ဆောင်​ ပြင်​​ဆင်​​နေမှုအား ​ဈေးသည်​အချို့ မ​ကျေနပ်ကြလို့ မနေ့က​ စီမံကိန်း၊ ဘဏ္ဍ​ရေးနှင့်​စည်​ပင်​သာယာ​ရေးဝန်​ကြီးဌာန မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီး ဦး​ဇော်​မင်း လာရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ “ကျနော်​တို့ (က-၅) တန်းကို ​ရှေ့က စဥ့်ကူတန်းက ​ကျော​ပေးခြင်းကိုခံ​နေရပါတယ်​။ အခုစဥ့်ကူတန်း ပြင်​ဆင်​​ဆောက်​ချိန်​မှာ စည်​ပင်ရုံးကိုသွားပြီး ပြင်​ဆင်​တုန်းမှာ မျက်​နှာချင်းဆိုင်​ (ပြင်​ဆင်​သည့် စဥ့်ကူတန်း နှစ်​တန်းအား ​ကျောခြင်းကပ်​လျက်​) ​ဆောက်​လုပ်​​ပေးဖို့ တင်​ပြ​ခဲ့ပါတယ်​။ ဒါကလည်း ကျနော်တို့ (က-၅) အတန်းတခုတည်း ​ကောင်းစား​ရေး မဟုတ်​ပါဘူး၊ အတန်း ​လေးတန်းလုံး​ ကောင်းစား​ရေးအတွက်​ တင်​ပြရတာပါ။ ဒါ​ပေမယ့် စည်​ပင်ရုံးက ပုံစံမ​ပြောင်းဘဲ ယခင်​အတိုင်း ​ဆောက်​လုပ်​​နေလို့ ​ကျေနပ်​မှုမရှိလို့ မ​ကွေးဝန်​ကြီးဆီအထိ သွား​ရောက်​တင်​ပြခဲ့လို့ ဝန်​ကြီးကိုယ်​တိုင်​ ​ချောက်​မြို့ ကွင်းဆင်း​လေ့လာပြီး စည်​ပင်​ရုံးမှာ အစည်း​ဝေးထိုင်​ပြီး ဆုံးဖြတ်​ချက်​ချတဲ့အချိန်​မှာ နဂိုပုံစံအတိုင်းပဲ ဆုံးဖြတ်​ချက်​ချသွားလို့ အားရ ​ကျေနပ်​မှု မရှိပါဘူး” လို့ (က-၅) ဆိုင်​အမှတ်​(၁၃) မှ ​ဈေးသည်​ဖြစ်​သူ ဦးမျိုးသက်​က ပြောပါတယ်။ တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​ ​ဒေါ်စန်းစန်းဝင်းက “ဒီအတန်း နှစ်​တန်းက​တော့ လက်​ရှိ ​ကျောခြင်းကပ်​ခြင်းအားဖြင့် သူတို့​ငွေလည်း ကုန်​တာမဟုတ်​ဘူး၊ စည်​ပင်​ဘတ်​ချက်​​ငွေနဲ့ပြင်​တာ၊ စည်​ပင်​က ပြင်​​နေတဲ့အချိန်​မှာ အတန်း​လေးတန်းလုံး အကျိုးရှိမယ့်ကိစ္စကို ဦး​ဆောင်​တင်​ပြ​သော်​လည်း ဘယ်​လိုအ​ကြောင်းအရာ ​တွေ​ကြောင့်လည်း ​တွေးမရဘူး၊ ဒီအတိုင်းပဲ။ စည်​ပင်​ဝန်​ကြီးလာတဲ့အခါမှာလည်း စည်​ပင်​​ကော်​မတီတင်​ပြတဲ့၊ ​​ဈေး​ကော်​မတီကလည်း ဒီအတန်း ​လေးတန်းလုံး အကျိုးရှိမယ်​ကိစ္စကို ဦးမတည်​ဘဲ အတန်းနှစ်​တန်းပဲ အကျိုးရှိမယ့်ကိစ္စကို ဦးတည်​သွားသလဲဆိုတာ​တော့ မ​တွေးတတ်​​အောင်​ ဖြစ်​မိတယ်​” လို့ ​ပြောပါတယ်။ ပြီးခဲ့တဲ့ အနှစ်​ ၂ဝ အချိန်​က အခုပြုပြင်​​နေ​တဲ့ စဥ့်ကူတန်းဟာ ​ကျောခြင်းကပ်​အ​နေအထား ရှိခဲ့ရာမှ ​ဈေးအနီး မီး​လောင်​မှုအ​ကြောင်းပြု၍ မီးသတ်​ကား ဝင်​နိုင်​ဖို့ အ​ဆောင်​ကို ဘယ်​ညာခွဲတည်​​ဆောက်​ခဲ့တာလို့ ဆိုပါတယ်။ ​ချောက်​မြို့မ​ဈေးအတွင်း (က-၄) အ​ဆောင်နဲ့ (က-၅) ပင်​မ အ​ဆောင်​ကြားရှိ စဥ့်ကူတန်း အ​ဆောင်​အား ပြန်​လည်​ပြင်​ဆင်​ရာမှာ​ ​ကျောခြင်းကပ်​ အ​နေအထား အဖြစ်​ပြန်​လည်​ထားရှိ​စေချင်​​ကြောင်း ဈေးသည်တွေက ပြောပါတယ်။ အခုလက်ရှိ အဆောင်ပြင်ဆင်ပုံဟာ ဆိုင်​​ကျောပေးထားပြီး လူအဝင်​အထွက်​နဲ့ လမ်းသွားလမ်းလာ ကျဉ်း​မြောင်းပြီး အလင်း​ရောင်​ အားနည်းခြင်းတို့​ကြောင့် ကန့်​ကွက်​တာလို့ ဆိုပါတယ်။ ဝန်​ကြီးက ​ဈေးအတွင်း လိုက်​လံကြည့်​ရှုပြီး ​ချောက်​မြို့စည်​ပင်​သာယာဌာန အစည်း​ဝေးခန်း​ဆောင်​မှာ ​ဈေးသည်​တွေနဲ့​တွေ့ဆုံပြီး ညှိနှို​င်းတွက်​ချက်​ဖြေရှင်းမှုတွေ  ​ဆောင်​ရွက်​​ပေးခဲ့ပေမယ့် ဈေးသည်တွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။ လမ်းနဲ့ မလွတ်​​တဲ့ ဓာတ်​တိုင်​​တွေဖယ်​ရှားဖို့၊ ပြုပြင်​နေတဲ့ ဆိုင်​တန်းအလယ်​လမ်းအား ၁ ပေခွဲအတွင်းတိုးဖို့နဲ့ သစ်​သားခင်း ​မြောင်းဖုံးတွေကို သတ်​သတ်​ရပ်​ရပ်​ပြင်​ဆင်​ပါက လမ်းသွားလမ်းလာ အဆင်​​ပြေသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့တယ်လို့ ​ချောက်​မြိုနယ်​ စည်​ပင်​သာယာ ​ကော်​မတီမှ လူမှုစီးပွားကိုယ်​စားလှယ်​ အဖြစ်​ တာဝန်​ထမ်း​ဆောင်​​နေ​တဲ့ ဦးလှမင်းက ပြောပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up