ချောက်​မြို့တွင်

January 11, 2018

ချောက်​မြို့တွင်​ လူငယ် ​၁ ဦး ဆွဲကြိုးချသေဆုံး

ချောက်​မြို့ အမှတ်​(၁၄)ရပ်​ကွက်​၊ စစ်​ကွင်းရပ်​မှာ ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းက အသက်​ ၁၉ နှစ်​အရွယ်​ လူငယ်​တဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူငယ်​ဟာ စစ်​ကွင်းရပ်​​နေ ဦး​လေး​တော်​စပ်​သူ ဦးရီနိုင်​ ​နေအိမ်​အ​ပေါ်ထပ်​အမြင့် ၆ ​ပေရှိ ဝင်​​ပေါက်​တံခါး အ​ပေါ်ထုတ်​တန်းမှာ​ ပုဆိုးကွင်း ဆွဲကြိုးချပြီး  လျှာထွက်လျက် သေဆုံးနေခဲ့တာဖြစ်ပါတယ်။ ဦးရီနိုင်ရဲ့ သတင်း​ပေး​ပို့ချက်​​ကြောင့်​ ​ချောက်​မြို့မ ရဲစခန်း ဒုစခန်းမှူး ထွန်းဦးဝင်းနဲ့အဖွဲ့ဟာ ​သေဆုံးသူ ​မောင်​​ဇေယျာဖြိုးရဲ့အ​​လောင်းကို ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​ သိရှိနိုင်ဖို့ ​ချောက်​မြို့ပြည်​သူ​ဆေးရုံကြီးကို ပို့​ဆောင်​ခဲ့​တယ်လို့ ဒုစခန်းမှူး ရဲအုပ်​ ထွန်းဦးဝင်းက ပြောပါတယ်။ ​သေဆုံးသူရဲ့ရည်းစားမှာ တခြားတ​ယောက်​နဲ့ ချစ်​ကြိုက်​သွားလို့ အခုလို လုပ်​တာဖြစ်​နိုင်​​ကြောင်း၊ သေဆုံးသူရဲ့ လူမှုကွန်​ယက်​ စာမျက်​နှာမှာလည်း  ဒီကိစ္စနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်ပိုင်းက​ရေးသားမှုတွေရှိခဲ့​ကြောင်း ​သေဆုံးသူရဲ့ နီးစပ်​ရာ အသိုင်းအဝိုင်းက သိရပါတယ်​။ ချောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၁/၂၀၁၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲအုပ်ထွန်းဦးဝင်းက ပြောပါတယ်။
3 years Ago
Up