ချောက်​မြို့

April 26, 2019

ချောက်​မြို့၏အပူချိန်​ ယခင်​တင်​ခဲ့သည့် စံချိန်​​ထိရောက်​ရှိလာ

မ​ကွေးတိုင်း၊ ​ချောက်​မြို့ရဲ့ အပူချိန်​ဟာ ယခင်က စံချိန်​တင်​ထားခဲ့​တဲ့ စံချိန်​တင်​အပူချိန်​ ၄၆ဒသမ ၄ ဒီဂရီစင်​တီဂရိတ်​ကို ဧပြီ ၂၅ ရက်​​ ည​နေ တိုင်းတာချက်​အရ ​ရောက်​ရှိ​နေပြီလို့ ​ချောက်​မြို့ မိုး​လေဝသနှင့် ဇလ​ဗေဒတိုင်းတာ​ရေးစခန်းက သိရပါတယ်​။ ချောက်မြို့ မိုး​လေဝသ စခန်းမှူး ​ဒေါ်​ဆွေဇင်​ဖြိုးက “ချောက်​မြို့နယ်​ အပူချိန်​ဟာ ၂၀၁၂ ​မေလပိုင်း အချိန်​ကတကြိမ်​ ၂၀၁၆ ဧပြီလမှာ တကြိမ် အမြင့်ဆုံးအပူချိန်​ ၄၆.၄နဲ့ စံချိန်​တင်​ထားခဲ့ပြီး  မ​နေ့က ည​နေတိုင်းတာချက်​အရ ၄၆.၄ ဒီဂရီစင်​တီ ဂရိတ်​ကို ​ရောက်​ရှိ​နေလို့ အရင်​တင်​ထားတဲ့ စံချိန်​ကို ရောက်​သွားပြီ​” လို့ ​ပြောပါတယ်​။ အခုလို စံချိန်​တင် အပူချိန်​​ရောက်​ရှိလာတဲ့အတွက်​ မြို့နယ်​ ကျန်းမာရေး တာဝန်ရှိသူတဦးက “အခုချိန်​ထိ​တော့ အပူ​ကြောင့် ဆေးကုသမှု ခံရတဲ့လူနာ မရှိ​သေးပါဘူး၊​ ချောက်​က ၂၀၁၂ နဲ့ ၂၀၁၆ ​တွေမှာလည်း အပူဒဏ်​ခံခဲ့ရဖူးလို့ ပြည်​သူ​လူထုအ​နေနဲ့ အသိသတိရှိ ​သွားတယ်​ပဲယူစရမှာပဲ။  အပူ​ကြောင့်​ ဖြစ်​တဲ့​ဝေဒနာရှင်​ ခုချိန်​ထိ မရှိ​သေးဘူး။” လို့ ​ပြောပါတယ်​။ ​ချောက်​မြို့နယ်​ထဲမှာ အပူချိန်တွေ ဆက်တိုက်မြင့်တက်နေလို့ ဒေသခံ လွှတ်​​တော်​ကိုယ်​စား လှယ်တွေနဲ့ တာဝန်​ရှိသူတွေဟာ  ကျန်းမာ​ရေးဌာနနဲ့ ပူး​ပေါင်းပြီး မြို့​ပေါ် ရပ်​ကွက်​တွေမှာ အပူ​ရှောင်​စခန်းတွေ ဖွင့်​လှစ်​​ပေးထား​ပါတယ်​။ သတင်း- ကိုလင်း(​ချောက်​)
3 years Ago

January 12, 2019

ချောက်​မြို့ ကားကြီး​ကွင်း ​အရည်အသွေးမီဆောက်လုပ်ရန် ဝန်​ကြီး ပြော

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့မှာ မြို့လိုအပ်​ချက်​အရ အ​ကောင်​ထည်​​ဖော်​ဖို့ စီစဉ်​နေတဲ့ ကာကြီးကွင်းကို ​ထောက်​ခံတဲ့လူ ရှိသလို ကန့်​ကွက်​သူလည်း​ ရှိ​နေတဲ့အတွက်​ ဂရုစိုက်​​ဆောင်​ရွက်​ ဖို့ တိုင်း​ဒေသကြီး အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်​ပင်​သာယာ​ရေးဝန်​ကြီးဌာန ဝန်​ကြီး ဦး​ဇော်​မင်းက ပြောပါတယ်။ “သိန်း​ပေါင်း ​လေးငါး​ထောင်​ အကုန်​ခံလုပ်​ပြီး​တော့ ဘာမှလည်း အကျိုးမရှိဘူး။ မြို့ထဲမှာ အကျိုးရှိ​အောင် မလုပ်​ဘဲ မြို့ပြင်​ထွက်​ပြီး ဘာလုပ်​တာလဲ ဆိုတာ​တွေ ဖြစ်​မလာ​အောင်​ အဲဒီ​တော့ ​ကော်​မတီ ဆုံးဖြတ်​ချက်​ကို အများကြီး သတိထားပါ၊ အရည်​အ​သွေး ညံ့​အောင်​​မလုပ်​ပါနဲ့ ​သေချာ မီအောင်​လုပ်​ပါ၊ အပြစ်​​ပြောမခံရ​စေနဲ့၊ ​ချောက်​က နှစ်​ဖွဲ့မဟုတ်​ဘူး ငါးဖွဲ့​လောက်​ ကွဲ​နေတာ။” မြို့အတွက်​ တကယ်​လိုအပ်​တယ်လို့ လုပ်တာဖြစ်ကြောင်း မြို့​တော်​စည်​ပင်​သာယာ​ရေး ​ကော်​မတီဥက္ကဋ္ဌ ဦး​ကျော်​ဝင်းက ပြောပါတယ်။ “ကျနော်​တို့မြို့ရဲ့ လက်​ရှိကားကွင်းက ကျဉ်​လည်းကျဉ်းတယ်​။ ကားကွင်း အပြင်​ထုတ်​လိုက်​ရင်​ ​ဈေးမှာဖြစ်​​နေတဲ့ လမ်းကြပ်​တဲ့ ပြဿနာ၊ လူ​နေအိမ်​​တွေနဲ့ထိစပ်​​နေတဲ့ ပြန်​ကျ​ဈေး ပြဿနာ​၊ ကားကွင်းအ​ဟောင်း​နေရာကိုလည်း ပြန်​ကျ​ဈေး ပြန်​သုံးမယ်​ ရည်​ရွယ်​ထားလို့ ပိုအဆင်​​ပြေသွားမယ်။” ​ချောက်​မြို့နယ်​ စည်​ပင်​သာယာ​ရေးအဖွဲ့ အင်​ဂျင်​နီယာ ဦးခိုင်​​ဇော်​မိုးက “​မြေအ​နေနဲ့ ၁၁.၂ ဧက ရရှိထားပြီး​တော့ လုပ်​ရမယ့် အ​နေအထားက ​တောင်​ကုန်းတဖက်​ ​ချောက်​တ​ဖက်​ ကုန်းဖြို ​ချောက်​ဖို့ လတ်​တ​လော ​မြေ​နေရာ ​ဖော်​​ဆောင်​​ရေး ဦး​စား​ပေး​ဆောင်​ရွက်​ရမှာဖြစ်​ပြီး​တော့ ဝန်​ကြီးကလည်း သုံးစွဲစရိတ်​ တင်​ထားတဲ့ သန်း (၁၅၀) ကို အကုန်​မသုံး​စေချင်​ဘူး။ တိုင်းအစိုးရအဖွဲ့ကို စက်​ယန္တရား ငှား​ပေးမယ်၊​ ​ငွေပို​အောင်​လုပ်၊​ ပိုလာရင်​ ​မြို့ထဲက လမ်း​တွေ ​ကောင်း​ကောင်းလုပ်​မှာလား၊ ​ရေ​မြောင်း​တွေ ​ကောင်း​ကောင်း လုပ်​မှာလား၊ လုပ်​လိုက်​လို့ ညွှန်​ကြားထားတယ်။ ​လော​လောဆယ်​​တော့ ​မြေ ၅ ဧကကို ဒီ ၁၈-၁၉ ဘတ်​ဂျက်မှာ​တော့ ပြီးနိုင်​တယ်” လို့​ ပြောပါတယ်​။ အဝေးပြေးကားကြီးကွင်း မြေနေရာကို အကျယ် ၁၁ ဒသမ ဝ၂ ဧက ရှိ အမှတ် (၁၀) နယ်မြေ၊ အေးစေတီရပ်ကွက်၊ အရှေ့တောင် ကွင်းအမှတ် ၂၂၉၂ (ကျွန်းဖိုပင်ကွင်း) မှာ  တည်ဆောက်မယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
More News
Up