ကျောင်း​များ

August 11, 2018

ကျောင်း​များတွင် ချိတ်​ဆွဲရန် အတိုင်​ပင်​ခံပုံတူပန်းချီကား​ရေးဆွဲ (ဓာတ်ပုံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေကို ပျဉ်းမနားမြို့က စာသင်​ကျောင်း​တွေမှာ ချိတ်​ဆွဲနိုင်ဖို့အတွက် ရေးဆွဲနေတယ်လို့ အလှူရှင်တဦးက ပြောပါတယ်။ သြဂုတ်​ ၁၁ ရက်​​နေ့ ပျဉ်းမနားမြို့မှာ ပန်းချီဆရာ လဂွန်းအိမ်​အပါအဝင်​ ​ဒေသခံ ပန်းချီဆရာ ​ခြောက်​ဦးက ပန်းချီကား ၆ ကား ​ရေးဆွဲကြတာပါ။ "ရည်​ရွယ်​ချက်​က​တော့ စာသင်​​ကျောင်း​ခန်းမ​တွေမှာ လူထု​ခေါင်း​ဆောင်​ပုံကိုထားပြီး က​လေး​တွေ ​နေ့တိုင်းအမြဲတမ်းမြင်​​တွေ့​နေ​အောင်​၊ ကျနော်​တို့က မ​တွေ့တာကြာရင်​ ​မေ့တာ​တွေရှိတယ်​။ အနာဂတ်​က​လေး​တွေကြ​တော့ သူ့ရဲ့ပုံကို အမြဲတမ်းမြင်​ရင်​​တော့ သူ့ရဲ့ ​ကျေးဇူးတရားကို ​အောက်မေ့​နေရင်​ ​ကောင်းတာ​ပေါ့” လို့ ကမကထပြုလုပ်​​ပေးသူ ကိုဖိုး​ထောင်​က ပြောပါတယ်​။
3 years Ago
Up