ပဲခူးတိုင်ဒေသကြီး ကျောက်တံခါးမြို့နယ် မြို့မရဲစခန်းအပိုင်မှာ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က ကားတစီးအရှိန်လွန်ကာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့လို့ ၁၅ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
ကျောက်တံခါးမြို့မရဲစခန်းအပိုင် တောင်ဘက် ၄ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ်၁၁၂/၃နှင့်၁၁၂/၄အကြား သူဌေးကုန်းကျေးရွာအနီးမှာ ယာဉ်မောင်း နိုင်လင်း မောင်းနှင်းလာတဲ့ LITEACE အဖြူရောင် ၄ ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်ဘေး ထိုးကျတိမ်းမှောက်ခဲ့တာပါ။
ယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးက စိုးရိမ်ရကြောင်း၊ ယာဉ်မောင်းကတော့ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကားကတော့ လမ်းဘေးမြောင်းထဲကို ရောက်သွားတာပဲ၊ တော်သေးတယ် အသေအပျောက်မရှိတာ။ ဒဏ်ရာရသူကတော့ များတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေသွားတယ်။"
ယာဉ်မောင်း နိုင်လင်းကို ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ)၄၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း ကျော်အောင်(ကညွတ်ကွင်း)
6 years Ago