ကေအန်​ပီပီ

December 31, 2017

ကေအန်​ပီပီ ရဲ​ဘော်များ အသတ်​ခံရမှု ဆန္ဒထုတ်​​ဖော်​သူအချို့ အရေးယူခံရဖွယ်ရှိ

ကေအန်​ပီပီ ရဲ​ဘော်​တွေ အသတ်​ခံရတဲ့အ​ပေါ် ဆန္ဒထုတ်​​ဖော်​ခဲ့တဲ့ ဦး​ဆောင်​သူအချို့  ငြိမ်းစုစီနဲ့ ပုဒ်မ-၁၉ နဲ့ တရားစွဲ အရေးယူခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လွန်​ခဲ့တဲ့ ဒီဇင်​ဘာ ၂၀ ရက်​​နေ့က ဖြစ်​ပွားခဲ့တဲ့ ​ကေအန်​ပီပီ ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်သား ၁ ဦးကို ကယားပြည်​နယ်​ ​​ဒေသကွပ်​ကဲ​ရေး (လွိုင်​​ကော်​) စစ်​ဌာနချုပ်​ (ဒကစ) လက်​​အောက်​ခံတပ်​မှ ဖမ်းဆီးပြီး သတ်​ဖြတ်​ခဲ့တဲ့အတွက်​ ဒီဇင်​ဘာလ ၂၂ ရက်​​နေ့က မြန်​မာ့တပ်​မ​တော်​ကို ရှုတ်​ချ​ကြောင်း ဆန္ဒထုတ်​​ဖော်​ခဲ့တဲ့ လူငယ်​ ဦး​ဆောင်​သူတချို့ကို ငြိမ်းစုစီ ပုဒ်​မ (၁၉) နဲ့ တရားစွဲဖို့ ပြင်​ဆင်​​နေတယ်​လို့ သိရပါတယ်​။ ဆန္ဒပြပွဲမှာ ပါဝင်​ခဲ့တဲ့ ဦး​ဆောင်​သူ လူငယ်​ ၅ ဦးကို လွိုင်​​ကော်​ရဲစခန်းက ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်​ချက်​လာယူသွားတယ်​လို့ ဆန္ဒပြပွဲမှာ ပါဝင်​ခဲ့တဲ့ ကိုစစ်​မုန်းက ​ပြောပါတယ်​။ “အဓိက​ သူတို့ ဥပ​ဒေအရ ​ပေါ့​နော်​။ ၂ ရက်​ ကြိုတင်​အ​ကြောင်းမကြားတဲ့ ကိစ္စနဲ့ ပတ်​သက်​ပြီး​တော့ ကျ​နော်​တို့ကို စစ်​ချက်​လာယူတယ်​။ ထုံးစံအတိုင်း​ပေါ့။ လူနာမည်​​တွေ၊ အသက်​​တွေ၊ ​နောက်​မိသားစုဝင်​ ဘယ်​နှယောက်​လဲ။ အဲဒီလိုမျိုး ယူသွားတယ်​​ပေါ့​နော်​” လို့ ​ပြောပါတယ်​။ ဒီကိစ္စနဲ့ ပတ်​သက်​ပြီး လွိုင်​​ကော်​ရဲစခန်းက ဒုရဲမှူး ဦး​ဌေးဝင်း “တကယ်​ ဥပ​ဒေအရ သူက အသိ​ပေးတင်​ပြရမယ့် ဥစ္စာကို မတင်​ပြခဲ့ရင်​ သူ့သက်​ဆိုင်​ရာနဲ့ အ​ရေးယူမှာ​ပေါ့​နော်​။ ဦး​ဆောင်​တဲ့ သူပါပဲ။ ကျန်​တာ​တော့ အ​ရေးယူစရာ မရှိပါဘူး။ ကျ​နော်​တို့က ဥပ​ဒေနဲ့ အညီပဲ ​ဆောင်​ရွက်​ပါတယ်​။ ကျန်​တာ​တော့ ဘာမှမဖြစ်​ပါဘူး။ ဒါကလည်း ဥပ​ဒေအရ ကြိုတင်​အ​ကြောင်းကြားမှုမရှိဘဲ၊ ကြိုတင်​ပြီး​တော့ အသိ​ပေးမှုမရှိဘဲ လုပ်​တဲ့အတွက်​​ကြောင့်​ ဒါ​လောက်​ပါပဲ” လို့ ​ပြောပါတယ်​။ ကိုစစ်မုန်းက “ကျနော်တို့ ဆန္ဒပြတာက ရာဇဝန်မှုကျူးလွန်တဲ့သူတွေကို မြန်မြန်ဆန်ဆန်အရေးယူအောင် ပြတာပါ။ ကျူးလွန်တဲ့သူတွေကို အရေးမယူသေးပဲ အခုလို တောင်းဆိုတဲ့ သူတွေကို အရေးယူဖို့ လုပ်နေတာက လက်ရှိ ငြိမ်းချမ်းရေး၊ နိုင်ငံရေး အခင်းအကျင်းကို ယုံကြည်ဖို့ ခက်သွားစေပါတယ်။ ငြိမ်းစုစီ ဥပဒေမှာက အရေးယူကို ယူရမယ်လို့ မပါဘူးလေ” လို့ ပြောပါတယ်။ ​ခွန်းတူးတူး​လေး
4 years Ago
Up