​ရောဂါပိုးတွေ့ခြင်းဖြစ်

August 28, 2020

သုဝဏ္ဏက ကိုဗစ်-၁၉ လူနာ ဘယ်ကကူးစက်မှန်းမသိဘဲ ဖျားနာရင်ကျပ်ရာက ​ရောဂါပိုးတွေ့ခြင်းဖြစ်

သြဂုတ်လ ၂၇ ရက်​ ည ၈ နာရီမှာ ကျန်းမာ​ရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပိုး​တွေ့လူနာသစ်  ၁၆​ ယောက်စာရင်းမှာ ရန်ကုန်က ၄ ​ယောက်ပါဝင်ပါတယ်။ အဲဒီလူနာသစ် ၄ ဦးထဲမှာ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာ​နေထိုင်သူ ၁ ​ယောက်ဟာ ရောဂါ ဘယ်ကကူးမှန်းမသိဘဲ ဖျားပြီး ရင်ကျပ်ရာက​နေ ဓာတ်ခွဲနမူနာယူစစ်​ဆေးရာမှာ ပိုး​တွေ့ခဲ့တာလို့  သင်္ကန်းကျွန်းမြို့နယ်၊ ကျန်းမာ​ရေးဦးစီးမှူး  ဒေါက်တာ​စော​အောင်​ရွှေဖြူက ဒီဗွီဘီကို​ပြောပါတယ်။ "ဘယ်မှ​တော့ မသွားမလာထားဘူး။  ဖျားတယ်၊ ရင်နည်းနည်းကျပ်ရာက​နေ​ ဆေးရုံသွားပြရင်း​တွေ့တာ"လို့ ​ပြောပါတယ်။ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက် ၊​ ပေါ်ဆန်း​မွှေးလမ်းမှာ​နေထိုင်တဲ့ အသက် ၄၀ အရွယ် လူနာအမှတ် ၅၉၅ အမျိုးသမီးနဲ့ထိ​တွေ့တဲ့ မိသားစုဝင် ၂၀​​ ကျော်​လောက်ရှိတယ်လို့ လွှတ်​တော်ကိုယ်စားလှယ် ဦး​နေဘုန်းလတ်က​ ပြောပါတယ်။ အဝတ်​လျှော်လုပ်ငန်းလုပ်ကိုင်သူ အဲဒီအမျိုးသမီးနဲ့ ထိ​တွေ့သူ​တွေကို ကျန်းမာ​ရေးဌာနက ဆက်လက်စုံစမ်း​နေတယ်လို့ လတ်တ​လောသိရပါတယ်။ မြန်မာနိုင်ငံမှာ သြဂုတ် ၂၈ ရက်​ မနက် ၈ နာရီအထိ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၈  ​ယောက်ရှိပြီး သြဂုတ်လ တတိယပတ်ကစတင်က ရခိုင်ပြည်နယ်၊ စစ်​တွေနဲ့ဆက်စပ်ပြီး ရောဂါ ကူးစက်မှု အရှိန်မြင့်လာတာဖြစ်ပါတယ်။
1 year Ago
Up