​တောဆင်​ရိုင်း နင်းခံရ

July 13, 2020

မောင်​တောမြို့တွင် ​တောဆင်​ရိုင်း နင်းခံရသဖြင့် ရွာသား ၁ ဦး ​သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ဗောဓိကုန်းကျေးရွာက ရွာတ​ဦး ဇူလိုင် ၁၁ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က ယာခင်းသွားရောက်စဉ် ​တောဆင်​ရိုင်းနင်းသတ်ခံပြီး ​သေဆုံးသွားတယ်လို့ သိရပါတယ်။ ဗောဓိကုန်းကျေးရွာသားတဦးက "ဒီဆင်က လူသတ်တာ ၂ ခါရှိပြီ။ ဟိုတခါ ကံသာယာ အထက်ရွာက တောင်သူတဦးကို သတ်ထားတာလည်း ဒီကောင်ပဲ။ ဒီဆင်မှာက ခြေတဖက်ငယ်တယ်။ ဟိုတခါ လူသေကတည်းက သစ်တောက လိုက်လံရှင်းလင်းရမှာ အခုတော့ နောက်တစ်ယောက်သတ်ပြန်ပြီ။ နောက်လည်း သတ်လာနိုင်သေးတယ်။ အလွန်အန္တရာယ်များပါတယ်” လို့ DVB ကို ပြောပါတယ်။ ​သေဆုံးသွားသူမှာ ၅၇ နှစ်အရွယ် ဦးကျော်မြဖြစ်ပြီး သားသမီး  ဦးကျန်ခဲ့ပါတယ်။ ရုပ်အလောင်းအား ဇူလိုင်က ၁၂ ရက်နေ့က မီးသင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်​လ ၂၄ ရက်​နေ့ကလည်း ​မောင်​တောမြို့ ကံသာယာ​ကျေးရွာက ​တောင်​သူတဦး ​တောဆင်​ရိုင်းနင်းသတ်လို့ ​သေဆုံးသွားခဲ့​ရပါတယ်။ အခုလို တောဆင်ရိုင်းနင်းသတ်လို့ ဒေသခံတွေ သေဆုံးနေမှုတွေနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမျိုးမြင့်ဇော်က "ကျနော်တို့ သစ်တောဦးစီးဌာနက တောဆင်ရိုင်းတွေကို သတ်ပိုင်ခွင့်မရှိပါဘူး။ တောဆင်ရိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေပဲ လုပ်ပေးလို့ရတယ်။ လုပ်လည်းလုပ်နေပါတယ်။ တောဆင်ရိုင်တွေလာတတ်တဲ့ နေရာတွေမှာ အသံမြည်နိုင်တဲ့အမှတ်အသားတွေ လုပ်ထားဖို့လိုတယ်။ သူတို့ကို သွားမစဖို့လိုတယ်။ သတ်လို့တော့ မရဘူးဗျ တားမြစ်သတ္တဝါဖြစ်တယ်" လို့ပြောပါတယ်။ လင်းလက်
1 year Ago
Up