​ကျေးရွာချင်းဆက်လမ်

A d v e r t i s e m e n t With Us

January 5, 2020

မင်းကင်းမြို့နယ်အတွင်း ​ကျေးရွာချင်းဆက်လမ်း​ ဖောက်လုပ်​ပေးရန် တောင်းဆို 

စစ်ကိုင်းတိုင်း​၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ရဲ့အ​ရှေ့ဘက်ပိုင်းမှာ ​ကျေးရွာချင်းဆက်လမ်း​​တွေ ​​ဖောက်လုပ်​ပေးဖို့ ​ကျေးရွာ​နေပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က မုံရွာမြို့မှာပြုလုပ်ခဲ့တဲ့ နိုင်ငံ​တော်အတိုင်ပင်ခံနဲ့ လူထု​တွေ့ဆုံပွဲခရီးစဉ်မှာလည်း ​တောင်းဆိုတင်ပြထား​ပေမယ့် ဒီနေ့အချိန်ထိ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းမြို့နယ် မုံဒင်း​ကျေးရွာက​နေ ​လျှော်ဖြူပင်​ကျောက်တန်းအထိ ရွာ​ပေါင်း ၃၀ ခန့်ဟာ ​လူမှု​ရေး စီးပွား​ရေး ကျန်းမာ​ရေး အားလုံးဟာ ရေလမ်း​ကြောင်းတစ်ခုတည်းကိုသာ အားထား​အသုံးပြု​နေရတာဖြစ်ပြီး ကုန်းလမ်း​သွားလာ​ရေးအဆင်​ပြေ​စေဖို့ကို လိုလား​နေကြတာပါ။ လက်ရှိမှာ တရွာနဲ့တရွာ ဖြစ်သလိုသွားလာ​နေရပြီး မိုးရာသီဆိုရင် ကုန်းလမ်းက​နေသွားလာလို့ အဆင်မ​ပြေ​တော့ဘူးလို့ ​ဒေသခံ​တွေက​ ဆိုပါတယ်။ လမ်းမိုင် ၂၀ အရှည် ​တောင်းခဲ့​ပေမယ့် ၂၀၁၉-၂၀၂၀ ဘက်ဂျက်မှာ ပျဉ်းကိုင်-တဲကြီး-ပန်း​ကောက်ထိ ၅ မိုင်သာ ရရှိ​သေးတယ်လို့ မင်းကင်းမြို့နေ ဦးမန်း​အောင်စိုးသိန်းက ​ပြောပါတယ်။ ဌေးလှိုင်
1 year Ago
Up