ဝက်စ်ဟမ်းရဲ့ အပ်တန်ပတ်ခ်ကွင်းမှာ တော့တင်ဟမ်ဟော့စပါးတို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး အမှတ်ပေးဇယား ပထမနေရာမှာ ရပ်တည်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။
မတ်လ ၃ ရက် မနက်ပိုင်းက ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်း ၇ မိနစ်မှာ ၀က်စ်ဟမ်းအသင်းက ရရှိတဲ့ ထောင့်ကန်ဘောကနေတဆင့် အန်တိုနီယိုက ခေါင်းတိုက်သွင်းယူပြီး စပါးရဲ့အိပ်မက်ကို ရိုက်ချိုးလိုက်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါးအသင်းက ဘောလုံးပိုင်ဆိုင်ခွင့် အသာစီးရယူခဲ့ပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ အခွင့်အရေးကို အသုံးမချနိုင်လို့လည်း ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဒီပွဲရှုံးနိမ့်သွားတဲ့အတွက် စပါးအသင်းရဲ့ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက် ရရှိထားတဲ့ အနိုင်ဟာ ရပ်တန့်သွားရပါတယ်။
စပါးက ၂၈ ပွဲကစား ၅၄ မှတ်နဲ့ အမှတ်ပေးဇယား ပထမနေရာက လက်စတာအောက် ၃ မှတ်အကွာ ဒုတိယနဲ့ ၀က်စ်ဟမ်းအသင်းကတော့ ၂၈ ပွဲကစား ၄၆ မှတ်နဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago