ရှုံးပွဲစတွေ့တာ အသင်းအတွက် အလှည်အပြောင်းဖြစ်ဟု မန်စီးတီးနည်းပြပြော

December 8, 2017

ရှုံးပွဲစတွေ့တာ အသင်းအတွက် အလှည်အပြောင်းဖြစ်ဟု မန်စီးတီးနည်းပြပြော

ရှုံးပွဲစတွေ့ခဲ့တာဟာ အသင်းအတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ရှက်တာဒိုးနက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီပ္မွဲမှာ ရှုံးခဲ့တာဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပထမဆုံးရှုံးပွဲဖြစ်ပြီး ၂၈ ပွဲ ဆက်တိုက်ရှုံးပွဲမရှိ စံချိန်လည်း ပျက်ပြယ်သွားခဲ့တာပါ။ ရှုံးပွဲတွေ့တာဟာ ကျေနပ်စရာမဟုတ်ပေမယ့် ဒီလိုနိုင်ပွဲဆက်နေချိန်မှာ ရှုံးသွားတာက အသင်းအတွက် ကောင်းမွန်တယ်လို့ ဂွါဒီယိုလာကဆိုပါတယ်။ မန်စီးတီးအသင်းဟာ ယူကရိန်းကလပ်ရှက်တာဒိုးနက်ကို ရှုံးခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပထမနေရာ ရခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးပွဲစတွေ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၁၅ ပွဲမှာ ၁၄ ပွဲနိုင်၊ ၁ ပွဲသရေ နဲ့ ရှုံးပွဲမရှိသေးပါဘူး။
3 years Ago
Up