ရှုံးနိမ် (ရုပ်သံဟိုက်လိုက်)

September 10, 2017

နာမည်ကြီး ဘိုင်ယန်က ဟောဖန်ဟိုင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာတော့ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ဟောဖန်ဟိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ရှုံးပွဲနဲ့ ရင်ဆိုင်ရတာပါ။ အိမ်ရှင် ဟော်ဖန်ဟိုင်းအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ မာ့ခ်အုက လက်ပစ်ဘောကနေ အခွင့်ကောင်းယူပြီး သွင်းယူပါတယ်။ \ ဒီပွဲမှာ လက်ရှိ ချန်ပီယံ ဘိုင်ယန်အသင်းက လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်မှာလည်း ပိုရခဲ့ပါတယ်။ ဟောဖန်ဟိုင်းအတွက် ဒုတိယဂိုးကို ၅၁ မိနစ်မှာ မာ့ခ်အုကပဲ သွင်းယူပြီး အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်တဲ့ ဟောဖန်ဟိုင်းက ၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လာပြီး ဘိုင်ယန်မြူးနစ်ကတော့ ၆ မှတ်နဲ့ အဆင့် ၅ ကို လျောကျသွားပါတယ်။
4 years Ago
Up