“ရှစ်​​လေးလုံးပါတီ”ကို “ရှစ်လေးလုံးပြည်သူ့ပါတီ”အဖြစ်အမည်ပြောင်း

April 2, 2018

“ရှစ်​​လေးလုံးပါတီ”ကို “ရှစ်လေးလုံးပြည်သူ့ပါတီ”အဖြစ်အမည်ပြောင်း

  ရှစ်​​လေးလုံးပါတီကို ရှစ်​​လေးလုံးပြည်​သူ့ပါတီလို့ အမည်​​ပြောင်းလိုက်ပြီး ပါတီအမည်​နဲ့ ပတ်​သက်​ပြီး ​ဝေဖန်​တာ​တွေကို ဥပ​ဒေအရပဲ ဆက်​လက်​​ဆောင်​ရွက်​မယ်​လို့ ပါတီ ဦးဆောင်သူတွေက ပြောကြားလိုက်ပါတယ်။ ဧပြီ​ ၁ ရက်​​ကပြုလုပ်​တဲ့ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး​ကော်​မတီရဲ့ အ​ရေး​ပေါ်စုံညီ အစည်း​အဝေးမှာ ဦး​ဆောင်​​ကော်​မတီဝင်​ ဦးကိုကိုကြီးက “ပါတီနာမည်​နဲ့ပတ်​သက်​ပြီး​တော့က ကျ​နော်​တို့ ရှစ်​​လေးလုံးအ​ရေး​တော်​ပုံမှာပါခဲ့တဲ့ မိတ်​​ဆွေတွေက အပြုသ​ဘောနဲ့​ ဝေဖန်​​ထောက်​ပြ ကြတာရှိသလို တဦးချင်းအ​နေနဲ့လည်း လူမှုကွန်​ရက်​က ​ဝေဖန်​ကြတာရှိပါတယ်​။ ပါတီနာမည်ကို ဥပ​ဒေ အ​ကြောင်းအရ ငြိစွန်းမှုရှိရင်​ ဥပ​ဒေအရကန့်​ကွက်​ပါ။ ကျ​တော်​တို့ကလည်း ဥပ​ဒေအရပဲ ​ဆောင်​ရွက်​သွားပါမယ်​”လို့ ​ပြောပါတယ်​။ ​ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က ရှစ်​​လေးလုံးပါတီနာမည်​နဲ့ ပတ်​သက်​ပြီး ပါတီနာမည်​မှတ်​ပုံတင်​ဖို့ တင်​ပြပြီးသုံးလအကြာမှာ ​ကော်​မတီဝင်​​တွေကို ​ခေါ်ယူ​တွေ့ဆုံခဲ့ပါတယ်​။ ဒီလို​ခေါ်ယူ​တွေ့ဆုံအပြီးမှာ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး​ကော်​မတီဝင်​​တွေကို အ​ရေး​ပေါ် အစည်း​ဝေးနဲ့​ခေါ်ယူ​တွေ့ဆုံပြီး ပါတီနာမည်​ကို ပြန်​လည်​သုံးသပ်​ခဲ့တဲ့​နေရာမှာ ရှစ်​​လေးလုံး ပြည်​သူ့ပါတီဆိုတဲ့ နာမည်ကိုအတည်​ပြုခဲ့ပါတယ်​။ ရှစ်​​လေးလုံးပါတီဆိုတဲ့နာမည်​က ဥပ​ဒေအရ ငြိစွန်း​နေလို့ ​ကော်​မရှင်​က​ခေါ်​ပြောတာ မဟုတ်​ဘူးလို့ ဦး​ဆောင်​​ကော်​မတီဝင်​ ဦးမင်း​ဇေယျာက ပြောပါတယ်။ “ငြိစွန်းမှုလည်း မရှိဘူး။ ​ကော်​မရှင်​ကမိသားစုပုံစံနဲ့ ​ခေါ်​တွေ့ခဲ့တာ။ ကျ​နော်​တို့ဘက်​ကလည်း ပါတီနာမည်​ကိုပြန်​စဉ်းစားတာ ​ဝေဖန်​​ထောက်​ပြသူ​တွေကို​ လေးစားတဲ့သ​ဘောပါပဲ။ ရှစ်​​လေးလုံးဆိုတဲ့ နာမည်​ကို​တော့ အထိခံမှာမဟုတ်​ဘူး” လက်​ရှိမှာ တိုင်းနဲ့ ​ပြည်​နယ်​က​ကော်​မတီဝင်​​တွေနဲ့ ​ဆွေး​နွေးချက်​​တွေအရ ရှစ်​​လေးလုံး ပါတီအစား ရှစ်​​လေးလုံးပြည်​သူ့ပါတီဆိုတဲ့ အမည်​ကိုဆက်​လက်​မှတ်​ပုံတင်​သွားမှာ ဖြစ်​ပါတယ်​။ မှတ်​ပုံတင်​ကျလာပြီးရင်​​တော့ ပါတီဝင်​အင်​အား ဆက်​လက်​စု​ဆောင်းတာနဲ့ စည်းရုံး​ရေး လုပ်​ငန်း​တွေ ကြားဖြတ်​​ရွေး​ကောက်​ပွဲဝင်​နိုင်​​ရေးအတွက် ​လုပ်​​ဆောင်​တာ​တွေ ဆက်လုပ်​ သွားမယ်​လို့ ဆိုပါတယ်​။ မနေ့က အစည်း​ဝေးကို​တော့ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး ​ကော်​မတီက တိုင်းနယ်​ပြည်​နယ် ​၇ ခုနဲ့ မြို့နယ်​ ပြည်​နယ်​ ၃ ခုက လူဦး​ရေ ၉၀ ပါဝင်​​ဆွေး​နွေးခဲ့ ကြပါတယ်​။
3 years Ago
Up