ရွိုင်ကိန်း

November 22, 2018

မာတင်အိုနေးလ်နှင့် ရွိုင်ကိန်း အိုင်ယာလန်နည်းပြအဖြစ်မှ နုတ်ထွက်

အိုင်ယာလန်နည်းပြတွေဖြစ်တဲ့ မာတင်အိုနေးလ်နဲ့ ရွိုင်ကိန်းတို့ဟာ အသင်းကနေ နုတ်ထွက်လိုက်ပါတယ်။ အိုင်ယာလန်အသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပြီး အုပ်စု အောက်ဆုံးမှာ ရပ်တည်ခဲ့တာကြောင့် League B ကနေ League C ကို တန်းဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ မာတင်အိုနေးလ်ဟာ အသင်းနဲ့ ၅ နှစ် သက်တမ်းစာချုပ်ထားတာ ဖြစ်ပေမယ့် ရလဒ်ဆိုးရွားမှုကြောင့် အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ထားတာလို့ ဆိုပါတယ်။ မာတင်အိုနေးလ်နဲ့ နည်းပြအဖွဲ့ဟာ အင်္ဂါနေ့က အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နုတ်ထွက်စာ တင်ခဲ့တယ်လို့ သိရပါတယ်။ အိုင်ယာလန်အသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စု ၄ မှာ ဒိန်းမတ်၊ ဝေးလ်တို့နဲ့ တအုပ်စုတည်းကျခဲ့ပြီး ၂ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့တာ ဖြစ်ပါတယ်။
3 years Ago

February 22, 2018

ကွင်းပြင်ပ ကျော်ကြားမှုများ ကွင်းတွင်းယူဆောင်လာရန်လိုဟု ပေါ့ဂ်ဘာကို ရွိုင်ကိန်း ပြော

ပေါ့ဂ်ဘာအနေနဲ့ ကွင်းပြင်ပက ကျော်ကြားမှုတွေကို ကွင်းထဲကို ယူဆောင်လာဖို့ လိုတယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ဝေဖန် ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ကစားသမားကောင်းတဦးဖြစ်ပေမယ့် ကွင်းပြင်ပမှာ သူမောင်းနှင်တဲ့ကား၊ ဆံပင်ပုံစံ စတာတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ပိုကျော်ကြားပြီး ကွင်းထဲမှာလည်း အဲဒီလိုကျော်ကြားမှုတွေ ယူဆောင်လာဖို့လိုတယ်လို့ ရွိုင်ကိန်းက ပြောကြားလိုက်တာပါ။ ပေါ့ဂ်ဘာဟာ ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်မရခဲ့သလို တခြားပွဲတချို့မှာလည်း အရန်ကစားသမားအဖြစ်သာ ကစားနေရတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပေါ့ဂ်ဘာတဦးပဲ ပြဿနာရှိနေတာ မဟုတ်ဘဲ တိုက်စစ်မှူး လူကာကူနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ဟာလည်း အခုထက်ပိုတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့လိုတယ်လို့ ဆီဗီလာနဲ့ ပွဲအပြီးမှာ ရွိုင်ကိန်းက သုံးသပ်ပြောကြားခဲ့ပါတယ်။
4 years Ago
Up