ရှုံးနိမ့်

A d v e r t i s e m e n t With Us

September 23, 2017

ကြားဖြတ်ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အန်အယ်လ်ဒီကိုယ်စားလှယ် ရှုံးနိမ့်

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန်ကွက်လွှာတွေကို ခုံအဖွဲ့တွေနဲ့ စစ်ဆေးဆုံးဖြတ်နေရာမှာ မနေ့က အမှုမှာတော့ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်ရဲ့ တင်သွင်းတာကို ခုံအဖွဲ့က ပလပ်လိုက်ပါတယ်။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အန်အယ်လ်ဒီပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာဝဏ္ဏစိုးက အဲဒီ မဲဆန္ဒနယ် မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်ကို ကန့်ကွက်ခဲ့တာပါ။ ဒေါက်တာဝဏ္ဏစိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက်လျှောက်ထားခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။ ဒီအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ရွေးကောက်ပွဲ ခုံအဖွဲ့ ၁ က ကြားနားစစ်ဆေးပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးရဲ့ ကန့်ကွက်လွှာနဲ့ ဦးရှာမွေလရှဲန်ရဲ့ တန်ပြန်ကန့်ကွက်လွှာတွေကို ပလပ်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်ကို ရွေးကောက် တင်မြှောက်ထားတာဟာ တရားဝင်အတည်ဖြစ်တယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
3 years Ago

January 22, 2017

အိမ်ရှင် လီဗာပူး ဆွမ်ဆီအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

စနေနေ့ည အစောဆုံးယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဆွမ်ဆီအသင်းက လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲရှုံးလိုက်လို့ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေကို ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဆွမ်ဆီအတွက် ဂိုးတွေကို ၄၈ မိနစ်နဲ့ ၅၂ မိနစ်မှာ လောရန်တီက သွင်းယူပါတယ်။ အဲဒီနောက်မှာ လီဗာပူးက ဆက်တိုက်ဆိုသလိုပဲ ချေပဂိုး ၂ ဂိုးကို ၅၅ မိနစ်နဲ့ ၆၉ မိနစ်မှာ ဖာမီနိုက သွင်းယူပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူ ကစားနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် ၁၆ ကြိမ် ရခဲ့ပါတယ်။ ဆွမ်ဆီကတော့ ရတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချနိုင်ခဲ့ပါတယ်။ ဆွမ်ဆီအတွက် အနိုင်ဂိုးကို ၇၄ မိနစ်မှာ ဆစ်ဂါဆန်က သွင်းယူပြီး အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်လို့ ဆွမ်ဆီက ၁၈ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ လီဗာပူးကတော့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၇ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
4 years Ago
Up