ရုံးထုတ်စစ်ဆေး

June 14, 2019

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို ပထမအကြိမ် ရုံးထုတ်စစ်ဆေး

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို ဒီကနေ့ ဇွန်လ ၁၄ရက်က ရန်ကုန်  ဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က တရားလို လုပ်တိုင်တန်းခဲ့တာဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးက  ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ၀ရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို ဇွန်လ ၁၀ရက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဆည်ရွာအုပ်စု၊ ကုန်းကံရွာရှိ သူ့ရဲ့ ယောက္ခမနေအိမ်မှာ  မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သီဟမျိုးနိုင်ကတော့ ရဲစခန်းမှာ ကိုယ်တိုင် လာရာက်အဖမ်းခံတာပါ။ ယောက္ခမဖြစ်သူ ဦးကျော်မောင်ဟာလည်း ၀ရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို လက်ခံထားမှုနဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၆ နဲ့ အမှုဖွင့် အရေးယူခံထားရပါတယ်။။ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ဟာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္စလာမ်ဘာ သာဝင်တွေရဲ့ ယာယီဝတ်ပြုကျောင်းဆောင်ကို မေလ ၁၅ ရက်ညက မျိုးချစ်အဖွဲ့ အမည်ခံ လူတစုကလာရောက် ပိတ်ပင်တားဆီးခဲ့တဲ့ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခံရ တာလည်းဖြစ်ပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး   လာမယ့် ဇွန်လ ၂၁ရက်မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။
2 years Ago

January 13, 2018

အင်းဒင်တွင် ဖမ်းဆီးထားသည့် ကျောင်းဆရာ ဦးထွန်းအေးကို ရုံးထုတ်စစ်ဆေး

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာက ဖမ်းဆီးထားတဲ့ ကျောင်းဆရာ ဦးထွန်းအေးကို  ဇန်နဝါရီ ၁၂ ရက်က မောင်တောမြို့ တရာရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူ့အမှုကို လိုက်ပေးနေတဲ့ တရားလွတ်တော် ရှေ့နေဦးခင်ဝင်းက “အဲဒီအမှုကတော ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၄ နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ဒီနေ့တော သူ တရားခံပြေးတွေကို စစ်ဆေးတာသာ ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီနေ့ရုံးချိန်းကို ဦးထွန်းအေးရဲ့ ဇနီးဖြစ်သူကတော့ ကလေး နေမကောင်းလို့ လိုက်မလာနိုင်ကြောင်း သိရပါတယ်။ ဇနီးဖြစ်သူ ဒေါ်ခင်ဆန်းမြင့်ကို ဖုန်ဆက်မေးမြန်းရာမှာ “ဟုတ်ပါတယ် ကျမမှာ သားသမီးသုံးဦး နဲ့ ဒုက္ခရောက်နေပါပြီ။ သားသမီး ၂ ဦးက ပညာသင်ယူနေပါတယ်။ အိမ်ရှင် တဦးရဲ့ လစာငွေ တခုတည်းနဲ့ ရပ်တည်နေရတာဖြစ်တဲ့အတွက် အခုတရား စွဲတင်ပြီဆိုတော့ လစာက တ၀က်ပဲ ရတော့မှာ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ပညာသင်ယူနေတဲ့ သား နဲ့ သမီးဆီလည်း ငွေမပို့နိုင်တောပါဘူး။ သမီးအကြီးဆုံးက သတ္တမတန်းဖြစ်ပြီး သားအလတ်ကတော စတ္တုတတန်းပါ။ သားအငယ်ကတော အသက် ၂ နှစ် နဲ့ လေးလ သာရှိပါသေးတယ်။ အခု ကလေးနေမကောင်းလို့ ဒီနေ့ မလာဖြစ်တာပါလို့ပြောပါတယ်” လို့ ပြောပါတယ်။ အမည်မဖော်လိုတဲ့ အင်းဒင်ကျေးရွာသား တဦးကတော့ “အခု သေသွားတဲ့ အကြမ်းဖက်သမားတွေဟာ ကျနော်တို့ရွာကို တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ကြတာပါ။ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားတဲ့နေံ မနက်ပိုင်း အခု အဖမ်းခံထားရတဲ့ ကိုထွန်းအေး ဖခင်ဖြစ်တဲ့ ဦးမောင်နီဟာ သူမွေးထားတဲ့ ကျွဲ ၂ ကောင်းကို ရွာအနီးမှာ လိုက်ရှာရင်း ဒီအကြမ်းဖက်သမားတွေက သတ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ အင်းဒင်ကျေးရွာကို မီးရှို့မယ်။ တရွာလုံးကို သတ်မယ်ဆိုပြီး လော်စပီကာနဲ့ ခြိမ်းခြောက်ပါသေးတယ်” လို့ ပြောပါတယ်။ ရိုက်တာသတင်းထောက်တွေနဲ့ ပတ်သက်ပြီး အင်းဒင်ကျေးရွာ သားတွေဖြစ်တဲ့ ဦးမောင်သိန်းဖြူ ၊ ဦးထွန်းအေးနဲ့ ဦးထွန်းနိုင်တို့ကို ဒီဇင်ဘာ ၁၅ ရက်က အင်းဒင်ကျေးရွာကနေ ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။ ဇွန်နဝါရီ ၅ ရက်နေ့မှာတော့ ဦးမောင်သိန်းဖြူနဲ့ ညီဖြစ်သူ ဦးထွန်းနိုင်တို့ လွတ်မြောက်လာပြီး ဦးထွန်းအေးတဦးသာ ကျန်ရှိနေတာဖြစ်ကြောင်း သိရှိရပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
4 years Ago
Up